၂၀၂၂ ကမ္ဘာ့ဖလား - နာကျင်အချိန်ပို ဘာကြောင့်များ

World Cup

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်္ဂလန်နဲ့ အီရန် ပွဲ ပထမပိုင်းမှာ အီရန် ဂိုးသမား အလီရဲဇာ ဘေရန်ဗန် နာသွားလို့ နာကျင် အချိန်ပို ၁၄ မိနစ်ဖြည့်ရ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာ ပွဲတွေ သိပ်များများ စားစား မကန်ရသေးချိန်မှာပဲ ထူးခြားမှု တခုကို သတိပြုမိလာကြပြီ ဖြစ်ပါတယ်။ အဲဒါကတော့ ပွဲတွေမှာသတ်မှတ်ချိန် ပြည့်ပြီးနောက် ပွဲအတွင်း ဒဏ်ရာရတာကြောင့် တစုံတခုကြောင့် ပွဲရပ်နားရတဲ့ အချိန်တွေအတွက် ပြန်လည် ဖြည့်စွက်ပေးတဲ့ အချိန်ပိုတွေ ပိုများလာတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ၅ ပွဲ ကစားပြီးချိန်မှာတင် အချိန်ပို ဖြည့်ပေးတာက ၈၅ မိနစ် ရှိပြီဖြစ်လို့ ဒါဟာ တပွဲစာ နီးပါး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ အီရန် တို့ ပွဲမှာဆိုရင် တပွဲလုံး ၁၁၇ မိနစ်နဲ့ ၁၆ စက္ကန့် ကြာ ကစားခဲ့ကြတာဖြစ်ပါတယ်။

ဒါကလည်း အီရန် ဂိုးသမား အလီရဲဇာ ဘေရန်ဗန် ခေါင်းဒဏ်ရာ ရသွားလို့ ရပ်နားရတဲ့ အချိန်တွေကြောင့်လည်း ပါပါတယ်။ နောက်တခုကတော့ ဘောလုံးသမားတွေ အချိန်ဆွဲတာ၊ ပွဲချိန်ဖြုန်းတာ စတဲ့ အပြုအမူတွေ နည်းပါးလာအောင် ဖီဖာက လုပ်လာတာလည်း ဖြစ်ပါတယ်။

အဲဒီလို နာကျင် အချိန်ပိုတွေ အများကြီး ပေးတာကို ဆော်ဒီအာရေဗျက အာဂျင်တီးနားကို မထင်မှတ်ဘဲ နိုင်သွားတဲ့ပွဲမှာလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲဒီပွဲမှာလည်း ပထမပိုင်းမှာ နာကျင်အချိန်ပို ဆိုပြီး ၇ မိနစ် ပေးထားသလို ဒုတိယပိုင်းမှာ ၁၄ မိနစ် နီးပါးလောက်အထိ ပေးထားခဲ့ပါတယ်။ အကြောင်းပြတာကတော့ ဒဏ်ရာကြောင့် ပွဲနားရတဲ့ အချိန်တွေ၊ ဗီဒီယို ဒိုင်လူကြီး တွေ ဆုံးဖြတ်ဖို့ ယူရတဲ့ အချိန်တွေ၊ လူစားလဲတာ၊ ပင်နယ်တီ ပေးတာ၊ အနီကတ် နဲ့ တချို့ ကစားသမားတွေ တမင်တကာ ပွဲချိန်ဖြုန်းတာတွေ အတွက် ပြန်လည် ဖြည့်စွက်ပေးတာ လို့ ဆိုပါတယ်။

Skip X post, 1
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

End of X post, 1

ဖီဖာရဲ့ ဒိုင်လူကြီး ကော်မတီ ဥက္ကဋ္ဌ ပီယာ လူဝီဂျီ ကော်လီနာက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ ကာတာပြိုင်ပွဲအတွင်း စတုတ္ထဒိုင်တွေကို အဲဒီလို ပွဲချိန်ကုန်တဲ့ ကိစ္စတွေမှာ အချိန်ကို သေချာ မှတ်ထားဖို့ ညွှန်ကြားထားပြီ လို့ အတည်ပြု ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား တုန်းကလည်း ဒါမျိုး လုပ်ဖို့ ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။

အခုပြိုင်ပွဲမစခင် သတင်းစာ ရှင်းလင်းပွဲမှာ သူက ရုရှားပြိုင်ပွဲတုန်းက ပွဲချိန် ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်စွက်ရာမှာ ပိုပြီး တိတိကျကျ ရှိစေဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့်လည်း ဖြည့်စွက်ချိန် ၆ မိနစ်၊ ၇ မိနစ်၊ ၈ မိနစ်လောက်အထိ ဖြည့်ပေးတာတွေ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒီကြိုးပမ်းမှုရဲ့ ရလဒ်တွေကို အခု ပြိုင်ပွဲမှာ သိသိသာသာ စံချိန်တင်တဲ့အထိ တွေ့လာနေရပါတယ်။

အော်ပတာ ရဲ့ အချက်အလက်တွေအရ ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ မှတ်တမ်းတွေ စတင်ခဲ့တဲ့ ၁၉၆၆ နောက်ပိုင်းမှာ ပွဲတပွဲမှာ နာကျင်အချိန်ပို အများဆုံး ပွဲတွေကို ပြီးခဲ့တဲ့ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ မြင်ခဲ့ကြရပါတယ်။

  • အင်္ဂလန် နဲ့ အီရန် ပထမပိုင်း - ၁၃ မိနစ် ၉၅ စက္ကန့်
  • အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျ ဒုတိယပိုင်း - ၁၃ မိနစ် ၅၃ စက္ကန့်
  • အင်္ဂလန်နဲ့ အီရန် ဒုတိယပိုင်း - ၁၃ မိနစ် ၅ စက္ကန့်
  • အမေရိကန်နဲ့ ဝေလ ဒုတိယပိုင်း - ၁၀ မိနစ် ၃၂ စက္ကန့်
  • ဆီနီဂေါနဲ့ နယ်သာလန် ဒုတိယပိုင်း - ၁၀ မိနစ်နဲ့ ၃ စက္ကန့်

အဲဒီလောက် အချိန်ပိုတွေ ထည့်ပေးလာတဲ့အခါမှာ တော်တော်ကြီးကို နောက်ကျတဲ့ဂိုးတွေကို မြင်လာရတာလည်း အဆန်းမဟုတ်ပါဘူး။

အီရန်ရဲ့ မေဒီ တာရီမီ အင်္ဂလန်ဘက်ကို သွင်းတဲ့ ပင်နယ်တီဟာ ၁၀၂ မိနစ်နဲ့ စက္ကန့် ၃၀ မှာ သွင်းတာဖြစ်လို့ အချိန်ပိုကစားရတဲ့ ပွဲမဟုတ်တဲ့ ပွဲမှာ နောက်အကျဆုံး ကမ္ဘာ့ဖလား ဂိုးအဖြစ် မှတ်တမ်းတင်သွားပါတယ်။ အဲဒီ ဂိုးနောက်မှာတော့ လန်သာလန် အသင်းက ဒေဗီ ကလာဆန် ဆီနီဂေါကို သွင်းတဲ့ ဂိုးဖြစ်ပြီး ပွဲချိန် ၉၈ မိနစ်နဲ့ ၁၇ စက္ကန့်မှာ သွင်းခဲ့တာ ဖြစ်ပါတယ်။

အခုလို နာကျင်အချိန်ပို ဆိုပြီး အချိန်တွေ အများကြီး ဖြည့်စွက်ပေးလာတာနဲ့ ပတ်သက်လို့ လူမှု ကွန်ရက်တွေပေါ်မှာလည်း လူပြော သူပြော များလာနေပါတယ်။ ဖီဖာက အချိန်ဖြုန်းတာတွေ နည်းအောင် လုပ်လာတာကို သဘောကျ ချီးကျူးနေကြတဲ့ ပရိတ်သတ်တွေလည်း ရှိသလို တချို့ကလည်း မလိုအပ်ဘဲ အချိန်အကြာကြီး ကစားနေကြရတယ်လို့ ဝေဖန်ကြပါတယ်။

မည်သို့ပင်ဖြစ်စေ ဘောလုံးပွဲကနေ စောစောစီးစီး ထပြန်မယ် စဉ်းစားရင်တော့ နောက်ကျဂိုးတွေ အလှည့်အပြောင်းတွေ လွတ်သွားနိုင်တာမို့ မပြန်ခင် နှစ်ခါ ပြန်စဉ်းစားကြရတော့မှာ ဖြစ်ပါတယ်။

Skip X post, 2
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

End of X post, 2

Skip X post, 3

End of X post, 3

Skip X post, 4

End of X post, 4