တွစ်တာပေါ်က အမုန်းစကား ဘယ်လိုရှင်းမလဲ

No Tag

တွစ်တာကို ဝယ်ယူခဲ့တဲ့ အီလွန်မာ့စ်ခ် နဲ့ ဘီဘီစီတို့ရဲ့ သီးသန့် အင်တာဗျူးမှာ အမုန်း စကားနဲ့ သတင်းမှားတွေအကြောင်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။

"အမုန်းစကားတွေ များလာတာကို သတိထားမိလား” မစ္စတာ အီလွန်မာ့စ်ခ်က မေးပါတယ်။ သူက ဘီဘီစီ သတင်းထောက် ဂျိမ်းစ် ကလေတန်ကို အမုန်းစကားတွေနဲ့ ပတ်သက်ပြီး ဥပမာနဲ့တကွ အသေးစိတ် ပြန်မေးပါတယ်။

အသေးစိတ်အကြောင်းအရာတွေကို သူက မထောက်ပြနိုင်တဲ့ အခါမှာ ပြောနေတာကို ဘာမှ မသိတာကြောင့် လိမ်နေတာလို့ သတင်းထောက်ကို မစ္စတာ မာ့စ်ခ်က ပြောပါတယ်။

တွစ်တာပေါ်မှာ အမုန်းတရားတွေ သတင်းမှားတွေ ဖြန့်နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပြီး အများအားဖြင့် လက်ယာယိမ်းနဲ့ လက်ယာစွန်းရောက်တဲ့ အကောင့်တွေက ဝေဖန်နေကြပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘာအထောက်အထားတွေရှိလဲ

မစ္စတာမာ့စ်ခ် တွစ်တာကို ဝယ်ယူခဲ့ပြီးတဲ့နောက်ပိုင်း အသေးစိတ် လေ့လာမှုတွေနဲ့ ကိုယ်တိုင်ကြုံတွေ့တဲ့ အထောက်အထားတွေအရ အမုန်းစကားတွေ တွစ်တာပေါ်မှာ များလာတယ်လို့ ဆိုပါတယ်။

အရင် စီမံခန့်ခွဲမှုအောက်မှာ ပိတ်ပင်ထားတဲ့ တချို့အကြောင်းအရာတွေကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။

ဒီအထဲမှာ နာဇီလက်သစ် Daily Stormer ဝက်ဆိုဒ်ကို တည်ထောင်သူ အန်ဒရူး အန်လင်း (Andrew Anglin)၊ QAnonရဲ့ ပူးပေါင်းကြံစည်မှု သီအိုရီကို ဝါဒဖြန့်ချီတဲ့ လစ်ဇ် ခရော့ကင် (Liz Crokin)တို့ ပါဝင်ပါတယ်။

လူသိနည်းတဲ့ တွစ်တာ အသုံးပြုသူတချို့က ပိုင်ရှင်သစ်ပြောင်းတာကို အခွင့်ကောင်းယူခဲ့ပါတယ်။ အသုံးပြုတဲ့ နာမည်ကို လူမျိုးရေး ထိပါးပြီး ပေးထားတဲ့ အသုံးပြုသူကလည်း အပြာရောင် အမှတ်အသားကို ရရှိထားပါတယ်။

ဟစ်တလာရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ မိုင်ကမ့်ဖ် (Mein Kampf)ကို ရွတ်ဖတ်နေတဲ့ ဗီဒီယိုကို တင်ထားတဲ့ နာဇီလက်သစ်ကလည်း အပြာရောင်အမှတ်အသားကို ဝယ်ယူထားပါတယ်။

၂၀၂၂ ခုနှစ် ဇွန်ကနေ ဖေဖော်ဝါရီ ၂၀၂၃ ခုနှစ်အတွင်း ဂျူးမုန်းတီးရေးနဲ့ ပတ်သက်လို့ တွိတွေက ၂ ဆ ဖြစ်လာတယ်လို့ ဗျူဟာကျ အပြန်အလှန်ဆွေးနွေးမှု အင်စတီကျူ (ISD)ရဲ့ သုတေသန အရသိရပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အလားတူ သုတေသနတခုမှာ ဒီလို အကြောင်းအရာတွေကို ဖြုတ်ချတာ များလာပေမဲ့ တင်လာတာကို ပြန်ဖျက်ဖို့ လုံလုံလောက်လောက် မလုပ်နိုင်ဘူးလို့ ပြောပါတယ်။

အရင်က တွစ်တာပေါ်မှာ ပြဿနာကြီး တခု ဖြစ်ခဲ့တဲ့ အိုင်အက်စ်နဲ့ ပတ်သက်တဲ့ အကောင့်တွေ ကလည်း ၇၀ ရာခိုင်နှုန်း အထိ များလာပေမဲ့ အကောင့်တွေ ပိတ်လိုက်တာကြောင့် ဖြည်းဖြည်း လျော့လာတယ်လို့ ISDက တွေ့ရှိခဲ့ပါတယ်။

လန်ဒန်အခြေစိုက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ဒစ်ဂျစ်တယ် အမုန်းတရား တိုက်ဖျက်ရေး အဖွဲ့က မစ္စတာ မာ့စ်ခ် တာဝန်ယူပြီးချိန်ကစလို့ တွစ်တာပေါ်မှာ မဟုတ်မတရား ပြောဆိုတာတွေ များလာတယ်လို့ ဆိုပါတယ်။ ဘီဘီစီရဲ့ သတင်းအချို့မှာလည်း သဲလွန်စတချို့ကို တွေ့ရပါတယ်။

အရင် တွစ်တာပေါ်မှာ ပိတ်ခဲ့တဲ့ အကောင့် ၁၁၀၀၀ ကို ဘီဘီစီက ခွဲခြမ်း စိတ်ဖြာကြည့်ရာမှာ မစ္စတာ မာ့စ်ခ် တာဝန်ယူခဲ့ပြီးတဲ့နောက် ဒီအကောင့်တွေကို ပြန်အသုံးပြုခွင့်ပေးခဲ့ပါတယ်။

ဒီအထဲက ၃ ပုံတပုံက တွစ်တာရဲ့ လမ်းညွှန်ချက်ကို ချိုးဖောက်ခဲ့ကြပါတယ်။ တချို့ဆိုရင် ကလေးတွေ လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်ခံရတာတွေကို ဆွဲပြခဲ့ကြပြီး အဓမ္မကျင့်ခံရတာကို လွန်လွန်ကျူးကျူးပုံဖော်ခဲ့ပါတယ်။

မစ္စတာ မာ့စ်ခ် တွစ်တာကို မဝယ်ခင်က ဒီလို အကြောင်းအရာတွေကို တွစ်တာမှာ တားမြစ်ထား ပါတယ်။

အသုံးပြုသူတွေကို အစိုးရတွေ ပူးပေါင်းပါဝင်တဲ့ သတင်းမှားတွေ ဖြန့်ဝေတာ ကလေးတွေကို လိင်အမြတ်ထုတ်တာတွေကနေ အသုံးပြုတဲ့သူတွေကို တွစ်တာက အကာအကွယ် မပေးမှာကို စိုးရိမ်နေကြပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

မသိတာ ဘာရှိလဲ

တချို့ကိစ္စတွေက ဝေဝါးနေပါတယ်။ ပထမဆုံးက အမုန်းစကားနဲ့ပတ်သက်ပြီး အမေရိကန် ဥပဒေမှာ ဖွင့်ဆိုချက် မရှိပါဘူး။

အမေရိကန် အခြေခံဥပဒေ ပထမအကြိမ် ပြင်ဆင်ချက် အရ တခြားနိုင်ငံတွေနဲ့ စာရင် ပိုပြီး လွတ်လပ်ခွင့်ရထားတဲ့အတွက် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဆိုတာကလည်း ၁၉၇၈ ခုနှစ်က ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ ဂျူးလူမျိုးတုံးသုတ်သင်ရေး စီမံကိန်းကနေ ကျန်ရစ်တဲ့သူတွေ နေထိုင်တဲ့ ချီကာဂိုက ဆင်ခြေဖုံး စကိုးကီး (Skokie)မှာ ချီတက်ခဲ့တဲ့ နာဇီလက်သစ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ နိုင်ငံသား အခွင့်အရေး ရှေ့နေတွေက တရားစွဲခဲ့ကြတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

မစ္စတာမာ့စ်ခ်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြာဆိုခွင့်နဲ့ ပတ်သက်တဲ့ အမြင်က လွတ်လပ်စွာ ပြောဆိုလို့ တားဆီးပိတ်ပင်ခံရမှာကို ကြောက်တဲ့ လူတွေကို အားပေးနေပုံရပါတယ်။

တွစ်တာပေါ်မှာ ထိန်းချုပ်မှုတွေ ရှိနေတာကို ရှင်းရှင်းလင်းလင်း မြင်နေရသလို သုတေသနနဲ့ စူးစမ်းမှုတွေကို မစ္စတာ မာ့စ်ခ်က ပြန်လည် တုံ့ပြန်နေပါတယ်။

နိုင်ငံရေးအရ ကြားနေတယ်လို့ သူက ပြောဆိုထားတာကြောင့် လက်ယာယိမ်းအကောင့်တွေကို ပြန်အသုံးပြုခွင့်ပေးခဲ့သလို အရင်က ပိတ်ထားတဲ့ လက်ဝဲယိမ်း အကောင့်တွေကိုပါ အသုံးပြုခွင့်ပြုထားပါတယ်။

"လက်ယာယိမ်းတွေ ရယူထားတာမဟုတ်ဘဲ အလယ်အလတ် ဝါဒီက ရယူထားတာပါ”လို့ မစ္စတာ မာ့စ်ခ်က တွီလုပ်ပါတယ်။

သူ့ရဲ့ ဗျူဟာက အလုပ်ဖြစ်ပြီး အမုန်းစကားတွေက ၃ ပုံတပုံ ကျသွားတယ်လို့ သူက ဒီဇင်ဘာလမှာ ရေးပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

End of X post

သုတေသီတွေနဲ့ သတင်းထောက်တွေက အစွန်းရောက် အကြောင်းအရာတွေနဲ့ မသင့်တော်တဲ့ အသုံးအနှုန်းတွေကို အာရုံစိုက်ပါတယ်။ မစ္စတာမာ့စ်ခ်ရဲ့ အမုန်းစကား ဖွင့်ဆိုချက်က မရှင်းလင်းဘူးလို့ ဝေဖန်သူတွေက ထောက်ပြပါတယ်။

တွစ်တာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သုတေသီတွေ လေ့လာနိုင်ဖို့ API ဆိုတဲ့ တွစ်တာ အပလီကေးရှင်း ပရိုဂရမ်ကို အခမဲ့အသုံးပြုခွင့်ကို မစ္စတာ မာ့စ်ခ်က အဆုံးသတ်လိုက်ပါတယ်။

ဒီအချက်အလက်တွေမရှိဘဲနဲ့ တွစ်တာကို ကျိုးကြောင်းကျကျလေ့လာဖို့က ခက်ခဲသွားမှာ ဖြစ်ပါတယ်။

တွစ်တာရဲ့ အယ်ဂိုရစ်သမ်ကို အားလုံးအသုံးပြုလို့ရတဲ့ အရင်းအမြစ်တခု အဖြစ် လုပ်ပြီး ပွင့်လင်းမြင်သာအောင် လုပ်နေတယ်လို့ အစောပိုင်းက မစ္စတာ မာ့စ်ခ်က ပြောပါတယ်။

ဘော့တွေနဲ့ အလိုအလျောက် အကောင့်တွေကို ဖျက်ဖို့ သူ့ရဲ့ ကြိုးပမ်းချက်ကြောင့် တွစ်တာကို ရယူပြီးကတည်းက သတင်းမှားတွေ လျော့သွားတယ်လို့ သူက ဆိုပါတယ်။

“အတွေ့အကြုံအရ သတင်းမှားတွေက ပိုနည်းလာနေပါတယ်” လို့သူက ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကျွမ်းကျင်သူတွေက ဒါကို သဘောမတူပါဘူး။ အွန်လိုင်းမှာ သတင်းမှားတွေကို လေ့လာနေတဲ့ NewsGuardရဲ့ အစောပိုင်း လေ့လာမှုတွေအရ မစ္စတာမာ့စ်ခ် တွစ်တာကို ရယူခဲ့အပြီး လူသိများတဲ့ သတင်းမှားတွေကို ဖြန်နေတဲ့ အကောင့်တွေက လူတွေနဲ့ ထိတွေမှုပိုများလာတယ်လို့ ဆိုပါတယ်။

တွစ်တာကို ရယူပြီး တပတ်အတွင်း လူသိများတဲ့ မယုံကြည်ရတဲ့ အကောင့်တွေကို လိုက်ခ် လုပ်တာ ပြန်ပြီးတွိလုပ်တာတွေက ၆၀ ရာခိုင်နှုန်းအထိ များလာတယ်လို့ စစ်တမ်းတွေမှာ ပြောပါတယ်။ လေ့လာမှုတွေ လုပ်ဆောင်နေတဲ့ NewsGuardကို လက်ဝဲယိမ်းတယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။

လူသိများတဲ့ တွိတွေနဲ့ သတင်းအချက်အလက်မှားတဲ့ လင့်ခ်တွေထည့်ပြီး ဖြန့်ချိနေတဲ့ သတင်းမှားတွေကို အထူး ဖြန့်ချိနေတဲ့ အကောင့်တွေက အသုံးပြုသူတွေနဲ့ ပိုမို ထိတွေ့တာတွေက မစ္စတာ မာစ့်ခ် တွစ်တာကို ဝယ်ပြီးတဲ့နောက် ပိုများလာတယ်လို့ အချက်အလက်တွေကို စစ်ဆေးပေးတဲ့ လက်ဝဲယိမ်း Science Feedbackက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ပြောဆိုချက်တွေ၊ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံတာတွေကို ပြန်လည် အသုံးပြုခွင့်ပေးထားတဲ့ အကောင့် ၁၀၀၀မှာ တွေ့နေတယ် ဘီဘီစီက လေ့လာဆန်းစစ်ခဲ့ပါတယ်။

မစ္စတာ မာ့စ်ခ်က သူက အမှန်တရား လမ်းကြောင်းပေါ်မှာရှိနေပြီး ရှေရှည်မှာ သူ့ဗျူဟာက တွစ်တာကို ပိုကောင်းလာစေမယ်လို့ ဆိုပါတယ်။

“မှတ်ကျောက်က လူတွေက ဒီစနစ်ကို အသုံးပြုပြီး အမှန်အတွက် ပိုကောင်းတဲ့ ရင်းမြစ်တခု ဆိုတာက သိလာဖို့ပါ”လို့ သူက ပြောပါတယ်။

“အမှန်တရားကို မရှာဖွေတဲ့ စနစ်က ပြီးပြည့်စုံမှာ မဟုတ်ပါဘူး၊ အမှား အနည်းဆုံးနဲ့ ကျွန်တော်တို့က အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်” လို့သူက ဆိုပါတယ်။

သာမန်လူတွေကနေသာမက သတင်းထောက်တွေဆီက အချက်အလက်တွေကို သူက ကြိုက်တယ်လို့လည်း သူက ပြောပါတယ်။ တချို့နေရာအတော်များများမှာ ဘီဘီစီ နည်းပညာ သတင်းထောက်ကို သူက စိန်ခေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဘီဘီစီသတင်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ မစ္စတာမာ့စ်ခ် ကိုယ်တိုင်လည်း မတိကျခဲ့ပါဘူး။

ကိုဗစ် ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးကို ဘီဘီစီက သတင်းမရေးသားဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘီဘီစီက အတည်ပြုနိုင်ခဲ့တဲ့ရှားပါး ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို ရေးသားခဲ့ပြီး ဘီဘီစီ ဝက်ဆိုဒ်ပေါ်မှာ ဖတ်ရှုနိုင်ပါတယ်။