ဒေါ်လာ ၄၄ ဘီလျံနဲ့ တွစ်တာကို ဝယ်မယ်

ဗီဒီယို ပုံစာ, ဒေါ်လာ ၄၄ ဘီလျံနဲ့ တွစ်တာကို ဝယ်မယ်

ဥပဒေကြောင်းအရ အချေအတင် အငြင်းအခုန်တွေ လနဲ့ချီ ဖြစ်ခဲ့ပြီးနောက် အီလွန် မတ်စ်ခ် က ဒေါ်လာ ၄၄ ဘီလျံနဲ့ တွစ်တာကို ဝယ်ဖို့ အပြီးသတ် သဘောတူညီလိုက်ပါပြီ။

သူ့ကိုယ်ပိုင် twitter မှာ သူဘယ်သူဘယ်ဝါ လို့ ဖော်ပြတဲ့ နေရာမှာ Chief Twit လို့ ပြောင်းလိုက်ပါတယ်။

ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ အဆင့်မြင့်အရာရှိအတော်များများထဲမှာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ကိုကျော်ဇေယျ ပြောပြပါမယ်။