အာဖရိက ဆင်ကောင်ရေ သုံးပုံတစ်ပုံ လျော့ကျ

မယ်လာဝီ နိုင်ငံမှာ ဆင်ပေါက် တစ်ကောင်ကို ကျန်းမာရေး စစ်ဆေးစဉ်။

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မယ်လာဝီ နိုင်ငံမှာ ဆင်ပေါက် တစ်ကောင်ကို ကျန်းမာရေး စစ်ဆေးစဉ်။

အာဖရိကတိုက်မှာ ရှိတဲ့ ဆင်တွေကို ကောက်ယူတဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ဆင်ကောင်ရေ သုံးပုံတစ်ပုံ လျော့ကျ သွားခဲ့တယ်လို့ သိရပါတယ်။

အနည်းဆုံး ဆင်ကောင်ရေ တစ်သိန်း လေးသောင်း လေးထောင်လောက် သတ်ဖြတ် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ ဆင် သန်ခေါင်စာရင်းကို အာဖရိက နိုင်ငံပေါင်း ၁၈ နိုင်ငံက ကီလိုမီတာ ငါးသိန်းလောက် ကျယ်ပြောတဲ့ မြက်ခင်းပြင်တွေမှာ ကောက်ယူခဲ့တာ ဖြစ်ပြီး ၂ နှစ်လောက် အချိန်ယူ ခဲ့ရပါတယ်။

အခုနှုန်းအတိုင်း ဆင်တွေ သတ်ဖြတ် ခံနေရမယ် ဆိုရင် အာဖရိကက လက်ကျန် ဆင်ကောင်ရေ လေးသိန်း သုံးသောင်း လောက်ထဲက ထက်ဝက်လောက်ဟာ လာမယ့် ၁၀ နှစ်အတွင်း အသတ်ခံရဖို့ ရှိတယ် ဆိုပြီး စစ်တမ်းကောက် သူတွေက စိုးရိမ်ဖွယ် ခန့်မှန်းချက် ထုတ်ထားပါတယ်။