ထိုင်းမှာ တောဆင်အန္တရာယ် ပျားနဲ့ကာကွယ်

ဓာတ်ပုံ ရင်းမြစ်, AP
ထိုင်းနိုင်ငံက လယ်သမားတွေဟာ သူတို့လယ်တွေကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးလေ့ရှိတဲ့ တောရိုင်းဆင်တွေရဲ့ ရန်က ကာကွယ်ဖို့ ပျားတွေ ချထားဖို့ လုပ်နေကြပါတယ်။
ဒီတောရိုင်းဆင်တွေကို အရင်က ပဒူကောင်တွေ၊ လျှပ်စစ်လွှတ် ခြံစည်းရိုးတွေနဲ့ ကာကွယ်ဖို့ လုပ်ခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဆင်တွေ ပျားတုပ်တာ ကြောက်ကြတယ်ဆိုတဲ့ အချက်ကို လေ့လာချက်ကို အသုံးချပြီး အခု ဒီအစီအစဉ်ကို ချန်သာဘူရီနယ် အရှေ့ပိုင်းမှာ စလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပျားအုံတွေကို ကြိုးတွေမှာသီပြီး လယ်ကွင်းတွေမှာ ချထားခြင်းအားဖြင့် ဆင်တွေဝင်လာရင် ပျားတုပ်အောင် စီမံထားတာဖြစ်ပါတယ်။
အခုလို အစီအစဉ်ဟာ အာဖရိကတိုက်မှာ နှစ်ပေါင်းများစွာ အောင်အောင်မြင်မြင် အသုံးပြုခဲ့တဲ့ စနစ်လည်း ဖြစ်ပါတယ်။




