1MDB ငွေကြေး အဖွဲ့နဲ့ ပတ်သက်နေတဲ့ ပစ္စည်း ဥစ္စာတွေ အမေရိကန် ထိန်းချုပ်ဖို့ ကြိုးစား

ဓာတ်ပုံ ရင်းမြစ်, Reuters
မလေးရှား အစိုးရပိုင် ငွေကြေး အဖွဲ့အစည်း 1MDB နဲ့ ပတ်သက် နေတဲ့ ဒေါ်လာ သန်း တစ်ထောင် ကျော် တန်ဖိုး ရှိတဲ့ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်မှု တွေကို ထိန်းချုပ် နိုင်ဖို့ အမေရိကန် တရားရေး ဌာနက တရားဝင် အမှုဖွင့် လိုက်ပြီ ဖြစ်ပါတယ်။
1MDB နဲ့ ပတ်သက် နေတဲ့ ငွေကြေး တွေကို အသုံးပြုပြီး ဝယ်ယူ ထားတယ်လို့ အမေရိကန် က ပြောနေတဲ့ အိမ်တွေ၊ အနုပညာ လက်ရာတွေ နဲ့ တခြား တန်ဖိုးကြီး ဇိမ်ခံ ပစ္စည်းတွေကို ထိန်းချုပ် နိုင်ဖို့ လုပ်ဆောင် လာတာ ဖြစ်ပါတယ်။
အဲဒီ့ 1MDB ဆိုတဲ့ ငွေကြေး အဖွဲ့ကို မလေးရှား လက်ရှိ ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ် က မလေးရှား အစိုးရပိုင် အဖြစ် တည်ထောင် ထားပြီး စီမံ ခန့်ခွဲ ပေး နေတာ ဖြစ်ပါတယ်။
မလေးရှား နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထူထောင် ထားတဲ့ 1MDB ကုမ္ပဏီ ဆီက ငွေကြေး ရံပုံငွေ တွေ အလွဲသုံးစား ပြုလုပ် ခံနေတယ် ဆိုတဲ့ စွပ်စွဲချက် တွေ ထွက်ပေါ် နေတာ နှစ်နဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။
မလေးရှား ဝန်ကြီးချုပ်က တော့ သူ့ အနေနဲ့ ဘယ်လို အမှားအယွင်း မှ ပြုလုပ် မထားဘူး လို့ ပြောဆို ထားပြီး၊ ရာထူးက နှုတ်ထွက် ပေးဖို့ တောင်းဆိုမှု တွေကို လည်း ငြင်းဆန် ထားပါတယ်။




