ဟီလာရီ ကလင်တန် သမ္မတလောင်း ဖြစ်ပြီလို့ဆို

တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် တွေက မစ္စ ဟယ်လာရီ ကလင်တန် ကို ထောက်ခံမှု အများအပြား ပေးခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် တွေက မစ္စ ဟယ်လာရီ ကလင်တန် ကို ထောက်ခံမှု အများအပြား ပေးခဲ့

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စ ဟီလာရီ ကလင်တန် ဟာ ဒီမိုကရက်တစ် ပါတီရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်ဖို့ နီးစပ် နေပြီလို့ ဆိုပါတယ်။

အေပီ သတင်းဌာနက ပြုစု ထားတဲ့ မဲစာရင်း အရ မစ္စ ဟီလာရီ ကလင်တန် ဟာ အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ခံ ဖို့ လုံလောက်တဲ့ ဆန္ဒမဲ အရေအတွက် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန် သမိုင်းမှာ ပထမဦးဆုံး အမျိုးသမီး သမ္မတလောင်း အဖြစ် ဟီလာရီ ကလင်တန် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Super Delegates လို့ ခေါ်တဲ့ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် တွေက မစ္စ ဟီလာရီ ကလင်တန် ကို ထောက်ခံမှု အများအပြား ပေးခဲ့တာကြောင့် သူမ အနေနဲ့ သမ္မတ လောင်း ဖြစ်ဖို့ ထောက်ခံမဲ အလုံအလောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဇွန်လ ၇ ရက်နေ့မှာ ကယ်လီဖိုးနီးယား ပြည်နယ် အပါအဝင် အခြား ပြည်နယ် ခြောက်ခု မှာ Primary ရွေးချယ်ပွဲတွေ ကျင်းပဖို့ ရှိပေမယ့် အေပီ သတင်းဌာနရဲ့ စာရင်းတွေ အရ မစ္စ ဟီလာရီ ကလင်တန် အနေနဲ့ သမ္မတလောင်း ဖြစ်ဖို့ လုံလောက်တဲ့ ဆန္ဒမဲ ရရှိခဲ့ပြီ ဖြစ်ပါတယ်။

သမိုင်းဝင်ဖြစ်ရပ် အတွက် လက်တကမ်းသာ လိုတော့ပေမယ့် သူမ အနေနဲ့ လုပ်ဆောင်စရာ ကိစ္စတွေ အများအပြား ရှိသေးတယ်လို့ မစ္စ ဟီလာရီ ကလင်တန် က ပြောကြား ခဲ့ပါတယ်။