မိဘပြုစုဖို့ တရုတ်အလုပ်သမားတွေ ခွင့်ရမယ်

China one child

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကလေးတစ်ယောက်ပဲယူရမယ်ဆိုလို့ မိဘတွေကို ပြန်ကြည့်မယ့်လူ မရှိ

တရုတ်နိုင်ငံ ဟီနန်ပြည်နယ် မှာတော့ ညီအစ်ကို မောင်နှစ်မ မရှိတဲ့ အလုပ်သမားတွေ သူတို့ရဲ့ သက်ကြီးရွယ်အို မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ တစ်နှစ်ကို လစာအပြည့်နဲ့ ခွင့်ရက် ၂၀ ပေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။

တစ်အိမ်ထောင် ကလေးတစ်ဦးပဲ ယူရမယ်ဆိုတဲ့ မူကြောင့် မိသားစု အများအပြားမှာ အိုမင်းနေတဲ့ မိဘနှစ်ဦးကို သားသမီး တစ်ဦးထဲက ပြုစု စောင့်ရှောက်နေရတဲ့ အဖြစ်တွေ ရှိနေပါတယ်။

ဟီနန်ပြည်နယ်မှာတော့ အသက် ၆၀ ကျော် မိဘတွေ၊ ဆေးရုံတက်နေရတဲ့ မိဘတွေရှိတဲ့ အလုပ်သမားတွေကို ခွင့်ရက်ပိုပေးမှာ ဖြစ်ပါတယ်။

အသက်အရွယ်အိုမင်းကြီးရင့်သူ တွေ များလာနေတာကို မျှသွားအောင် တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ်ကစလို့ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ မူကို ဖျက်ပေးခဲ့ပါတယ်။