အီစတန်ဘူလ် အသေခံ တိုက်ခိုက်မှု က ISလက်ချက်

ပတ်သက် ဆက်နွယ်မှု ရှိနေတဲ့ လူ ၅ ယောက် ကို ဖမ်းဆီး ထားပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်နေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပတ်သက် ဆက်နွယ်မှု ရှိနေတဲ့ လူ ၅ ယောက် ကို ဖမ်းဆီး ထားပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်နေ

မတ်လ ၁၉ ရက်နေ့က တူရကီ နိုင်ငံ အီစတန်ဘူလ် မြို့လယ်ခေါင်မှာ ဖြစ်ပွား ခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုဟာ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့က လုပ်တာ လို့ တူရကီ အာဏာပိုင်တွေက ပြောပါတယ်။

အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နဲ့ ပတ်သက် ဆက်နွယ်မှု ရှိနေတဲ့ လူ ၅ ယောက် ကို ဖမ်းဆီး ထားပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်နေကြောင်း ပြောပါတယ်။

ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေးဆုံး ခဲ့ရပြီး အသေခံ ဗုံးခွဲ ခဲ့သူဟာ တူရကီ နိုင်ငံသား Mehet Ozturk ဖြစ်ကြောင်း ပြောကြား နေပါတယ်။

သေဆုံး ခဲ့သူ ၄ ဦးမှာ ၃ ဦးက အစ္စရေး နိုင်ငံသား တွေ ဖြစ်ပြီး ခရီးသွားရာမှာ သတိ ရှိကြဖို့ တူရကီ တာဝန် ရှိသူတွေ က တိုက်တွန်း မှုတွေ လုပ်နေ ပါတယ်။