ဆီးရီးယားမှာ ဗုံးပေါက်လို့ လူ ၄၅ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယား နိုင်ငံ မြို့တော် ဒမားစကတ် တောင်ဘက်က ရှီယား မွတ်စလင် တွေ အထွတ်အမြတ် ထားတဲ့ Syida Zeinab ဗိမာန်မှာ ဗုံးပေါက်ကွဲမှု ၂ ခု ဆက်တိုက် ဖြစ်ပွား ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန တွေမှာ ဖော်ပြနေပါတယ်။
ပေါက်ကွဲမှု အတွင်း အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့ပြီး လူ အများအပြားလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပထမ ပေါက်ကွဲမှုက ကားဗုံးပေါက်ကွဲမှု ဖြစ်တယ်လို့ ဆီးရီးယား နိုင်ငံ သတင်းဌာန တွေက ပြောနေကြပါတယ်။
ရှီးယား မွတ်စလင်တွေဟာ တမန်တော် မိုဟာမက်ရဲ့ မြေးဖြစ်သူ
Syida Zeinab ဂူဗိမာန် ကို အမြတ်တနိုး ထားကြပြီး နှစ်စဉ် ဘုရားဖူး သွားရောက် တဲ့ နေရာ တစ်ခု လည်း ဖြစ်ပါတယ်။




