ဗီဒီယိုထဲက IS အဖွဲ့ဝင် ဗြိတိသျှ နိုင်ငံသား ဘယ်သူလဲ သိရပြီ

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကနေ နောက်ဆုံး ထုတ်ပြန် ခဲ့တဲ့ ဗီဒီယိုထဲ ဗြိတိန် အပေါ် ခြိမ်းခြောက် ပြောဆို တာတွေ လုပ်ခဲ့တဲ့ ဗြိတိသျှ လေသံ နဲ့ စကားပြောသူ မျက်နှာဖုံးစွပ် သေနတ်သမား ဘယ်သူ ဘယ်ဝါ ဆိုတာ ဖော်ထုတ် နိုင်ခဲ့တယ် ဆိုပြီး ဗြိတိသျှ ထောက်လှမ်းရေး အသိုင်းအဝိုင်း ထဲက သတင်းရင်းမြစ် တွေက ဘီဘီစီ ကို ပြောပါတယ်။
အဲဒီသူဟာ လန်ဒန် အရှေ့ပိုင်း မှာ နေထိုင် ခဲ့တဲ့ ဗြိတိန် နိုင်ငံသား Siddhartha Dhar ဆိုသူ ဖြစ်တယ် လို့ ဆိုပါတယ်။
Siddhartha Dhar ဟာ မူလက ဟိန္ဒူ တစ်ယောက် ဖြစ်ပြီး နောက်ပိုင်း အစ္စလာမ် ထဲ ကူးပြောင်း ဝင်ခဲ့ပြီး Al Muhajiroun ဆိုတဲ့ အစွန်းရောက် အုပ်စု နဲ့ ပူးပေါင်း သွားသူ ဖြစ်ပါတယ်။
IS အဖွဲ့ အပေါ် ဗြိတိန် အတွက် သူလျှို လုပ်ပေးခဲ့သူ တွေ ဆိုတဲ့ စွပ်စွဲ ချက် နဲ့ လူ ၅ ဦး ကို သတ် ဖြတ် ပြတဲ့ ဗီဒီယိုထဲ ပါဝင်ခဲ့တဲ့ နောက် သူ ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ် နိုင်ဖို့ ကြိုးစား ခဲ့ကြတာ ဖြစ်ပါတယ်။




