ဆီးရီးယားသူပုန်နဲ့အရပ်သားတွေရွှေ့ပြောင်းနေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယား နိုင်ငံမှာ အစိုးရက ကာလရှည်ကြာ ဝိုင်းထားတဲ့ သူပုန် နယ်မြေ ထဲကနေ တိုက်ခိုက်ရေး သမားနဲ့ အရပ်သား တွေကို ဘေးလွတ်ရာ ဆီ ပြောင်းရွှေ့ ပေးနေ ပါတယ်။
နိုင်ငံ အနောက်ပိုင်း ဇာဘာဒါနီမြို့ ကနေ လူ ၁၀၀ လောက် တင်ထားတဲ့ ဘတ်စ်ကားတွေ ထွက်ခွာ သွားပါတယ်။
လသမဂ္ဂရဲ့ ကြားဝင်မှု နဲ့ သဘောတူ ထားချက် အရ ဒီလူ တွေကို လက်ဘနွန် နိုင်ငံ ကနေ တဆင့် တူရကီကို ပို့ဆောင် ပေးမှာ ဖြစ်ပါတယ်။
တချိန်ထဲ မှာဘဲ ဆီးရီးယား မြောက်ပိုင်းမှာ သူပုန်တွေ ဝိုင်းထားတဲ့ မြို့နှစ်ခုက မိသားစု တွေကို အနားမှာ ရှိတဲ့ တူရကီ နယ်စပ်ဆီ ထွက်ခွာခွင့် ပေးခဲ့ ပါတယ်။




