ဂျပန်အိုလံပစ် အားကစားရုံဒီဇိုင်းသစ်ရပြီ

japan_stadium

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ဒီဇိုင်းအသစ်က ကုန်ကျစရိတ်ပိုသက်သာမှာ ဖြစ်ပါတယ်။

၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲ အတွက် အားကစားရုံ ဒီဇိုင်းပြိုင်ပွဲကို ပြန်လုပ်ခဲ့တဲ့ အခါ ဂျပန် ဗိသုကာ ပညာရှင် ကင်ဂိုကူးမား ထုတ်လုပ်တဲ့ ပုံစံက ရွေးချယ်ခံလိုက်ရပါတယ်။

သူ့ဒီဇိုင်းကတော့ ပတ်ဝန်းကျင်က စိမ်းစိုတဲ့ သစ်ပင်တောအုပ်တွေနဲ့လိုက်ဖက်အောင် အားကစားရုံ အမိုးကို ဂျပန်ရိုးရာ စတိုင် သစ်သားတွေနဲ့ လုပ်မှာ ဖြစ်ပါတယ်။

ဝေဖန်သူတွေ ကတော့ သူ့ ဒီဇိုင်းက ပင်ကိတ်ဘိန်းမုန့် အချပ်တွေကို စီထောင်ထား သလိုပဲလို့ ဆိုကြပါတယ်။

မူလ ဒီဇိုင်းကိုတော့ ဗြိတိန်နိုင်ငံသား အီရတ်အမျိုးသမီး ဇာဟာ ဟာဒစ်က ဆွဲခဲ့တာပါ။

သူ့ဒီဇိုင်းအတိုင်းဆောက်လုပ်မယ်ဆို စျေးသိတ်ကြီးမှာ ဖြစ်လို့ ဝေဖန်မှုတွေ ရှိခဲ့အပြီးမှာ ဒီဇိုင်းအသစ် ပြန်ဆွဲခဲ့တာ ဖြစ်ပါတယ်။

အခုဒီဇိုင်းအသစ်ကတော့ စရိတ်တစ်ဝက်လောက် လျော့ပြီး ဒေါ်လာသန်း တစ်ထောင့် နှစ်ရာလောက်ပဲ ကုန်ကျမှာ ဖြစ်ပါတယ်။