တူရကီအပေါ် ရုရှားက လက်တုံ့ပြန် ပိတ်ဆို့မှုတွေ ပြုလုပ်

ရုရှား နိုင်ငံ က တူရကီ အပေါ်မှာ စီးပွားရေး အရ ပိတ်ပင် ကန့်သတ် မှု တွေ ပြုလုပ် ကြောင်း ကြေညာ လိုက် ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ အင်္ဂါ နေ့တုန်းက ရုရှား စစ်လေယာဉ် ကို တူရကီ က ပစ်ချခဲ့တဲ့ အတွက် လက်တုံ့ပြန် ဆောင်ရွက်လာ တာ ဖြစ်ပါတယ်။
တူရကီ ရဲ့ ပို့ကုန် တချို့ ကို ပိတ်ပင်တာ အပါအဝင်၊ ရုရှား နိုင်ငံထဲ စီးပွားရေး လုပ်ကိုင်နေတဲ့ တူရကီ လုပ်ငန်း တွေ အပေါ် ကန့်သတ် တင်းကြပ် မှု တွေ လည်း ချမှတ်သလို တခါ တူရကီ နိုင်ငံသားတွေ ကို ရုရှား ထဲ လာရောက် အလုပ် လုပ်ကိုင် ခွင့် ကိုလည်း ထိန်းချုပ် လိုက်တဲ့ ကြေညာ ချက် ကို ရုရှား သမ္မတ ပူတင် က လက်မှတ် ရေးထိုး ခဲ့ ပါတယ်။
အဲဒီ့ ကန့်သတ် ပိတ်ပင် မှု တွေ ထဲမှာ ရုရှား နဲ့ တူရကီ ၂ နိုင်ငံ အကြား လေယာဉ် စင်းလုံးငှား သွားလာမှု တွေ မပြုလုပ်ဖို့ လည်း ပါဝင် ပါတယ်။
ဒီ ပိတ်ဆို့မှု တွေ ဟာ နောက်နှစ်ဆန်း ဇန်နဝါရီ မှာ စတင် သက်ဝင်မှာ ဖြစ်ပါတယ်။




