ပဲရစ် သေဆုံးသူတွေအတွက် အမှတ်ရပွဲ ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, Getty
ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်က ဖြစ်ပွားခဲ့တဲ့ ပဲရစ် တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူ လူ ၁၃၀ အတွက် အောက်မေ့ အမှတ်ရပွဲကို ဒီကနေ့ သောကြာနေ့မှာ ပဲရစ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ပဲရစ် မြို့လယ်မှာ ပြုလုပ်တဲ့ အဲဒီ အမှတ်ရပွဲကို ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်၊ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့သူတွေ၊ သေဆုံးသူတွေရဲ့ မိသားစုတွေ အပါအဝင် လူ ၁ ထောင်လောက် တက်ရောက် ခဲ့ပါတယ်။
ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁ မိနစ် ငြိမ်သက် ခဲ့ပြီးနောက် အသက်ဆုံးခဲ့ရသူ အားလုံးရဲ့ အမည်တွေကို ရွတ်ဆို ကြေညာခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက်က ပဲရစ် မြို့လယ်က လူစည်ကားရာ နေရာတချို့ကို သေနတ်နဲ့ ပစ်တာ၊ အသေခံ ဗုံးခွဲတာတွေနဲ့ တိုက်ခိုက် ခံခဲ့ရတာပါ။ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က အဲဒီ တိုက်ခိုက်မှုတွေဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒီကနေ့ အမှတ်ရပွဲမှာ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က အဲဒီ အယူသည်း အစွန်းရောက်တွေကို ချေမှုန်းဖို့ လုပ်နိုင်သမျှ အားလုံး လုပ်သွားမယ်လို့ ပြောသွားပါတယ်။
ပဲရစ် တိုက်ခိုက်မှုကြောင့် လူ ၃၅၀ ကျော်လည်း ဒဏ်ရာ ရခဲ့ကြပါတယ်။




