ရွှေ့ပြောင်းသူအရေး အီးယူက အာဖရိကကို ကူငွေ ပေးမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဥရောပတိုက်ကို ဝင်ရောက်လာနေတဲ့ အာဖရိက ဘက်က ရွှေ့ပြောင်း ဝင်ရောက်သူတွေကို တားဆီးဖို့ အရေးကို ဆွေးနွေးဖို့ မော်လ်တာ ကျွန်းနိုင်ငံမှာ ဥရောပနဲ့ အာဖရိက ခေါင်းဆောင်တွေ ရောက်ရှိ နေပါတယ်။
လူတွေကို အာဖရိက တိုက်ကနေ မခွာဘဲ ဆက်နေအောင် တွန်းအားပေးဖို့အတွက် အာဖရိက နိုင်ငံတွေကို ထောက်ပံ့ငွေ ယူရို ၁.၈ ဘီလျံ ပေးဖို့ လျာထားတယ်လို့ ဆိုပါတယ်။
ဥရောပက စလိုဗေးနီးယား နိုင်ငံမှာတော့ ခရိုအေးရှားနဲ့ နယ်စပ်မှာ စည်းရိုးတွေ ကာရံနေပြီး မြောက်ဘက်ကို သွားမယ့် ရွှေ့ပြောင်းသူတွေကို တားဆီး နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်း စလိုဗေးနီးယား နိုင်ငံထဲကို ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က ၁ သိန်း ၈ သောင်းလောက် ရှိခဲ့ပါတယ်။
တူရကီ ဘက်ကနေ ဂရိဘက်ကို ဝင်ရောက်တဲ့ လှေတွေ ထပ်မံ နစ်မြုပ်တဲ့အတွက် ကလေး ၇ ဦး အပါအဝင် လူ ၁၄ ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။
အခုနှစ်အတွင်းမှာ ဥရောပဘက်ကို ရောက်ရှိပြီး ဖြစ်တဲ့ ရွှေ့ပြောင်းသူ အရေအတွက်က ၅ သိန်း ကျော်သွားပြီလို့ ကုလ သမဂ္ဂက ပြောပါတယ်။




