တရုတ်မြို့ကြီး အများစု လေထုညစ်ညမ်းမှု မြင့်မားဆဲ

ဓာတ်ပုံ ရင်းမြစ်, epa

တရုတ် နိုင်ငံရဲ့ မြို့ကြီးတွေထဲက ၈၀ ရာခိုင်နှုန်းမှာ မီးခိုးမြူ ဖုံးလွှမ်းမှု ပမာဏဟာ အမျိုးသား စံနှုန်းတွေထက် အများကြီး ပိုမို မြင့်မားနေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ကြီး ဂရင်းပိစ်က ပြောပါတယ်။

လူရဲ့ အဆုတ်ထဲအထိ ဝင်ရောက်နိုင်တဲ့ အမှုန်တွေ လေထုထဲ ပါဝင်နေမှု သိပ်သည်းဆဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထားတဲ့ သိပ်သည်းဆထက် ၄ ဆကျော် ပိုမို မြင့်မား နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၉ လ အတွင်းမှာ တရုတ် မြို့ကြီး ၄၀၀ နီးပါးကို စောင့်ကြည့် လေ့လာမှုတွေ လုပ်ခဲ့ပြီးနောက် အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဆောင်ရွက်မှုတွေကို တရုတ် နိုင်ငံက စတင်ခဲ့ပြီး၊ အခု တွေ့ရှိချက်တွေ အရ မနှစ် တုန်းကထက် အခုနှစ်မှာ လေထု ညစ်ညမ်းမှု ပမာဏ လျော့ကျ လာတယ်လို့ ဆိုပါတယ်။