ရုရှ ဒုံးကျည်တွေ ပစ်မှတ်နဲ့ လွဲပြီးကျ

ဓာတ်ပုံ ရင်းမြစ်, Russian Ministry of Defence
ကက်စပီယန် ပင်လယ်ထဲကနေ ဆီးရီးယားက ပစ်မှတ်တွေကို ချိန်ရွယ် ပစ်ခတ်ခဲ့တဲ့ ရုရှ ခရုဇ် ဒုံးကျည် ၄ စင်း အီရန်မှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ဌာန အရာရှိ တွေက ပြောဆိုပါတယ်။
ဒီပြောဆိုမှု တွေကို ရုရှ ဘက်က ပယ်ချ ခဲ့ပြီး ဒီ ခရုဇ် ဒုံးကျည်တွေ အားလုံး ဆီးရီးယား ပစ်မှတ်တွေကို ထိမှန် တယ်လို့ ဆိုပါတယ်။
ဆီးရီးယား ကောင်းကင်မှာ ရုရှ ဒုံးကျည်တွေ ထပ်ကျ လာတဲ့ အတွက် အမေရိကန် နဲ့ မဟာမိတ် တွေ အတော် စိတ်မသက်မသာ ဖြစ်ကုန်ကြတယ်လို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒီအချိန်မှာပဲ ဆီးရီးယား စစ်ဆင်ရေး တွေနဲ့ ပတ်သက်ပြီး ရုရှ နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေး ခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဂျွန် ကာဘီ ပြောတာ ကတော့ ဆီးရီးယားက IS အဖွဲ့ မဟုတ်တဲ့ ပစ်မှတ် တွေကို ထိမှန်တဲ့ အတွက် ရုရှ ကို အမေရိကန် က စိုးရိမ်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ဝေဟင်မှာ ထိခိုက် မှုနဲ့ အထင်လွဲစရာတွေ မဖြစ်အောင် ညှိနှိုင်း ဆွေးနွေး ကြဖို့လည်း ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေး ခဲ့တယ်လို့ ဂျွန် ကာဘီက ပြောပါတယ်။
ဆီးရီးယား မှာ IS နဲ့ တခြား အကြမ်းဖက် အုပ်စု တွေကို တိုက်ခိုက်ရာမှာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် သူတို့ စဉ်းစားနေ ကြောင်း ရုရှ ဘက်က ပြောဆိုပါတယ်။




