လူနင်းမိလို့ ဟာ့ဂျ် ဘုရားဖူး ၇၁၇ ယောက် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AP
ဆော်ဒီ အာရေဗျ နိုင်ငံ၊ မက္ကာမြို့ အနီးမှာ ဟာ့ဂျ် ဘုရားဖူးတွေ အချင်းချင်း နင်းမိကြတဲ့ အတွက် အနည်းဆုံး ၇၁၇ ယောက် သေဆုံး ခဲ့တယ်လို့ ဆော်ဒီ အရာရှိတွေက ပြောပါတယ်။
မက္ကာမြို့ အနီးက မီနာအရပ်မှာ ဟာ့ဂျ် ဘုရားဖူးတွေ နောက်ဆုံး ပြုလုပ်ရမယ့် အဆင့်မှာ လူနင်းမိကြတာ ဖြစ်ပြီး၊ ၈၀၅ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မီနာ အရပ်မှာ ဟာ့ဂျ် ဘုရားဖူးတွေက နတ်ဆိုးကို ကျောက်ခဲနဲ့ ပစ်ပေါက်တဲ့ လုပ်ငန်းစဉ်အတွင်း ဘုရားဖူးတွေ စုပြုံ ရောက်ရှိခဲ့ကြရာက လူနင်းမိကြတာ ဖြစ်ပါတယ်။
ခုနှစ် ဟာ့ဂျ် ဘုရားဖူး ခရီးစဉ်ကို ကမ္ဘာအနှံ့က မွတ်ဆလင် ၂ သန်းကျော် လာရောက် ခဲ့တယ်လို့ ဆိုပါတယ်။
ဟာ့ဂျ် ဘုရားဖူး ခရီးစဉ် ပြင်ဆင်ချိန် တုန်းကလည်း မက္ကာမြို့က Grand ဗလီမှာ ဝန်ချီစက် တစ်ခု ပြိုကျခဲ့တဲ့အတွက် လူ ၁၀၉ ယောက် သေဆုံး ခဲ့ပါသေးတယ်။




