ဒုက္ခသည် ခွဲတမ်းနဲ့ လက်ခံဖို့ အီးယူ ဥက္ကဋ္ဌ ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဥရောပ အတွင်း ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အတွက် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker က သူ့အဆို မြန်ဆန် တိကျ ပြတ်သားတဲ့ ဖြေရှင်းချက်ကို ပေးနိုင်မယ်လို့ ဆိုတဲ့ အစီအစဉ်တွေကို ကြေညာလိုက်ပါတယ်။
သူ အဆိုပြုတဲ့ အဲဒီ အစီအစဉ်တွေ အရ ခိုလှုံခွင့် လျှောက်ထားသူ နောက်ထပ် တစ်သိန်း နှစ်သောင်းကို ဥရောပ နိုင်ငံတွေ အကြား ခွဲတမ်းနဲ့ မဖြစ်မနေ လက်ခံဖို့ ပါဝင် ပါတယ်။
ဆီးရီးယား ဒုက္ခသည် အများစု ပါဝင်တဲ့ ရွှေ့ပြောင်းသူ အများအပြား ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဥရောပကို တိုးမြှင့် ဝင်ရောက် လာခဲ့ပြီးနောက် အခု ကြေညာချက် ထွက်ပေါ် လာတာပါ။
ဒီအချိန်ဟာ ထိတ်လန့်ရမယ့် အချိန် မဟုတ်ဘူးလို့လည်း မစ္စတာ ယန်ကာက ဥရောပ ပါလီမန်ကို ပြောပါတယ်။
ခွဲတမ်းနဲ့ မဖြစ်မနေ လက်ခံရမယ့် အစီအစဉ်ကို ရွှေ့ပြောင်းသူတွေ အဓိက ဦးတည် ဝင်ရောက်တဲ့ ဂျာမနီ နိုင်ငံက ထောက်ခံ ပေမယ့် တခြား အီးယူ နိုင်ငံ တချို့ကတော့ ဆန့်ကျင် ကြပါတယ်။




