တိုင်အိစ်ဇ်မြို့ လူနေရပ်ကွက်တွေမှာ လက်နက်ကြီးကျည်တွေ ကျနေ

_yemen_taiz_

ဓာတ်ပုံ ရင်းမြစ်, 1

ဓာတ်ပုံ ပုံစာ, ဟူသီ သူပုန် တွေ နဲ့ ယီမင် အစိုးရ အပေါ် သစ္စာခံ တဲ့ တပ်တွေ တိုက်ခိုက် နေကြတာ လ အတန် ကြာ မြင့် နေပြီ။

ယီမင် နိုင်ငံ တောင်ဘက်ပိုင်း က တိုင်အစ်ဇ် မြို့ မှာ တိုက်ပွဲ တွေ တိုးမြင့် ဖြစ်ပေါ် နေတဲ့ အပေါ် အင်မတန် စိုးရိမ် တယ် ဆိုပြီး နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC က ပြောလိုက် ပါတယ်။

အရပ်သားတွေ နေထိုင်ရာ နေရာ တွေ ကိုပါ မရှောင် လက်နက်ကြီး တွေ နဲ့ ပစ်ခတ် နေကြတယ် လို့ ICRC က ပြောပါတယ်။

ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက် နိုင်မှု တွေ လည်း အလွန် ယိုယွင်း လာနေပြီး ဆေးဝါး တွေ ပြတ်လပ် လာလို့ ဒဏ်ရာ ရသူတွေ နဲ့ ပြည့်လျှံ နေတဲ့ အနည်းငယ်သော ဆေးရုံ တွေ မှာ လူနာတွေ ကို ပြုစု ကုသ ဖို့ရာ အင်မတန် အခက် တွေ့ နေရပါတယ်။

တိုင်အိစ်ဇ် မြို့ ရဲ့ လမ်းတွေ ပေါ်မှာ ဟူသီ သူပုန် တွေ နဲ့ ယီမင် အစိုးရ အပေါ် သစ္စာခံ တဲ့ တပ်တွေ တိုက်ခိုက် နေကြတာ လ အတန် ကြာ မြင့် နေပြီ ဖြစ်ပါတယ်။