IS တွေကို လေကြောင်းတိုက်နေတဲ့ မဟာမိတ်တပ်ပေါင်းစုထဲ တူရကီပါလာတော့မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကို လေကြောင်း တိုက်ခိုက် နေတဲ့ မဟာမိတ် တပ်ပေါင်းစု ထဲ တူရကီ ရဲ့ စစ် လေယာဉ် တွေ ပါဝင် လာစေမယ့် အဆုံးသတ် သဘောတူ မှု တစ်ရပ် တူရကီ နဲ့ အမေရိကန် ပြည်ထောင်စု အကြား ရရှိ ခဲ့ပါတယ်။
IS ချေမှုန်းရေး လေကြောင်း စစ်ဆင်ရေး တွေ ထဲ မှာ တူရကီ အနေနဲ့ အပြည့်အဝ ပါဝင် လာနိုင်ဖို့ အတွက် အသေးစိတ် အချက် အလက် တွေ ကို သဘောတူမှု ရခဲ့တာ ဖြစ်တယ် လို့ ပဲန်တာဂွန် စစ်ဌာနချုပ် ရဲ့ ပြောခွင့်ရ ပီတာကွတ်ခ် က ဆိုပါတယ်။
မဟာမိတ် အုပ်စု ရဲ့ စစ်ရေး ဆောင်ရွက် မှု တွေ ထဲ တူရကီ လေယာဉ် တွေဟာ လာမယ့် ရက် အနည်းအတွင်း မှာပဲ ပါဝင် လာနိုင် တယ် လို့ လည်း ပီတာကွတ်ခ် က ပြောပါတယ်။
အမေရိကန် လေယာဉ်ပျံ တွေ ကို တူရကီ ရဲ့ လေတပ် အခြေစိုက် ၂ ခု ကို အသုံးပြု ပြီး စစ်ရေး ဆောင်ရွက် ချက် တွေ လုပ်ဆောင်ခွင့် ကို တူရကီ ဘက်က ခွင့်ပြု ထားခဲ့ ပြီး ဖြစ်ပါတယ်။
အခုလို တူရကီ နိုင်ငံ ပူးပေါင်း ပါဝင် လာတာ ဟာ IS တွေ ကို ချေမှုန်း နိုင်ရေး မှာ အရေးကြီး တဲ့ တိုးတက်မှု တစ်ရပ် အဖြစ် အမေရိကန် တို့က ရှုမြင် ထားကြပါတယ်။




