ကျူးဘားမှာ အမေရိကန် သံရုံး ပြန်ဖွင့်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty
ကျူးဘား နိုင်ငံမှာ ၅၄ နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ အမေရိကန် သံရုံးကို ဒီကနေ့ သောကြာနေ့မှာ ပြန်လည် ဖွင့်လှစ် လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်ဦး အနေနဲ့ နှစ်ပေါင်း ၇၀ အတွင်း ကျူးဘားကို ပထမဆုံး သွားရောက်သူ ဖြစ်လာတဲ့ ဂျွန်ကယ်ရီက ဟာဗားနား မြို့က အမေရိကန် သံရုံး ဖွင့်ပွဲ အလံတင် အခမ်းအနားကို ကြီးကြပ် ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်က အလံ ဖြုတ်ချခဲ့တဲ့ မရိန်းတပ်သား ၃ ဦးကပဲ အခု သံရုံး ဖွင့်ပွဲမှာ အလံတင် ခဲ့ပါတယ်။
အခုလို အလံလွှင့်တင်မှုဟာ သမိုင်းမှာ အရေးပါတဲ့ အခိုက်အတံ့ ဖြစ်တယ်လို့ မစ္စတာ ကယ်ရီက ဒီကနေ့ သောကြာနေ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် ကျူးဘားမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ ဖိအားပေးမှုတွေကိုတော့ အမေရိကန်ဘက်က ရပ်တန့်မှာ မဟုတ်ဘူးလို့ သူက သတိပေးခဲ့ပါတယ်။
အမေရိကန်ဘက်က ကျူးဘား သံရုံးကိုတော့ ဝါရှင်တန်မြို့မှာ ပြီးခဲ့တဲ့ လက ဖွင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ဘက်က ကုန်သွယ်ရေး ပိတ်ဆို့ထားမှုကို မပယ်ဖျက် သေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျူးဘား သမ္မတ ဖီဒယ် ကက်စထရိုက လူသိရှင်ကြား ပြောခဲ့ပါတယ်။




