ရ​ဝမ်​ဒါ​ထောက်လှမ်း​ရေး​မှုး အမှု​ကို ဗြိ​တိန်​တရားရုံး ပလပ်

rwandan_delegation_was_attacked_by_congolese_protesters_after_the_release_of_gen_karake
ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး ကရတ်ကေး ကို စပိန်နိုင်ငံ ကို လွှဲပြောင်း ပေးမှာ မဟုတ်ပဲ ပြန်လွှတ် လိုက်တာ ဖြစ်ပါတယ်။

စပိန်က ထုတ်ထားတဲ့ ဖမ်းဝရမ်း ကြောင့် ဗြိတိန် နိုင်ငံမှာ ဖမ်းဆီးပြီး အာမခံ နဲ့ ထားထားတဲ့ ရဝမ်ဒါ ထောက်လှမ်းရေး အကြီးကဲ ဗိုလ်ချုပ်ကြီး ကာရဲန်ဇီ ကရတ်ကေး ရဲ့ အမှုကို ဗြိတိန် တရားရုံး က ပလပ် ပေးလိုက် ပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ကရတ်ကေး ကို စပိန်နိုင်ငံ ကို လွှဲပြောင်း ပေးမှာ မဟုတ်ပဲ ပြန်လွှတ် လိုက်တာ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ် ရဝမ်ဒါ မှာ ဖြစ်ပေါ် ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု တွေ အပြီး နောက်ဆက်တွဲ ပေါ်ပေါက် လာခဲ့တဲ့ လက်စားချေ တိုက်ခိုက် မှု တွေ အတွက် ဗိုလ်ချုပ်ကြီး ကရတ်ကေး မှာ တာဝန်ရှိတယ် ဆိုပြီး စပိန် တရားသူကြီး က ဖမ်းဝရမ်း ထုတ် ထားတာ ဖြစ် ပါတယ်။

အဲ့ဒီ့ ဖမ်းဝရမ်း ကြောင့် ပြီးခဲ့တဲ့ ဂျွန်လ တုန်းက ဗိုလ်ချုပ်ကြီး ကရတ်ကေး ကို လန်ဒန်မြို့ ဟီးသရိုး လေဆိပ် မှာ ဗြိတိန် အာဏာပိုင် တွေ က ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

စပိန် ဖမ်းဝရမ်း မှာ ဖော်ပြထားတဲ့ စွဲချက် တွေဟာ ဗြိတိန် နိုင်ငံ ရဲ့ အကျဉ်းသား လွှဲပြောင်း ပေးရေး ဥပဒေ မှာ အကြုံးမဝင် ဘူးဆိုပြီး တရားရုံး က တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

ရဝမ်ဒါ တရားရေး ဝန်ကြီး Johnston Busingye က တော့ ဗြိတိန် ရုံးတော် ရဲ့ ဆုံးဖြတ်ချက် ကို ကြိုဆို လိုက်ပြီး၊ ဒီအမှု ဟာ အစကတည်းက မတရား ဖမ်းဆီး ခံရတဲ့ အမှု ဖြစ်တယ် လို့ ဆိုပါတယ်။