တူရကီအစိုးရက ကာ့ဒ်သူပုန်တွေအပေါ် လေကြောင်းကနေ တိုက်

တူရကီ အစိုးရက အီရတ်နိုင်ငံ မြောက်ပိုင်းက PKK ကာ့ဒ်စ် ခွဲထွက်ရေး သူပုန်အဖွဲ့ရဲ့ စခန်းတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေ ထပ်မံ လုပ်ခဲ့ပါတယ်။
သောကြာနေ့က စတင်တဲ့ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၁၃ခုနှစ်က နှစ်ဘက် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ခဲ့ပြီးကတည်းက ပထမဆုံးအကြိမ် တိုက်ခိုက်မှု ဖြစ်ပါတယ်။
အခုအခါ အဲဒီ အပစ်အခတ် ရပ်စဲရေးဟာ အဓိပ္ပါယ် မရှိတော့ဘူးလို့ PKK အဖွဲ့ရဲ့ website စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
တူရကီ ဝန်ကြီးချုပ် အာမက်တ် ဒါဗူတော့ဂ်လူ က PKK အဖွဲ့၊ IS အစ္စလာမစ် နိုင်ငံ အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ လူပေါင်း ၆၀၀ နီးပါးလောက်ကို ပြီးခဲ့တဲ့ တရက်အတွင်း ဖမ်းဆီးလိုက်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဆီးရီးယားမှာ ရှိတဲ့ IS စခန်းတွေကိုလည်း တူရကီ စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။




