ဂရိကို ချေးငွေ မတိုးဖို့ ဥရောပ ဗဟိုဘဏ် ဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂရိစ်နိုင်ငံကို အရေးပေါ် ထုတ်ချေးတဲ့ ငွေပမဏကို ထပ်မတိုးတော့ဘူးလို့ ဥရောပ ဗဟိုဘဏ်က ဆုံးဖြတ်လိုက် ပါတယ်။
ပြီးခဲ့တဲ့ နာရီပိုင်းက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ဥရောပ ဗဟိုဘဏ်က သောကြာနေ့တုန်းက ချမှတ်ခဲ့တဲ့ ချေးငွေ ပမာဏ အတိုင်းပဲ ဆက်ထားထားမယ်လို့ ဖေါ်ပြထားပါတယ်။
အင်္ဂါနေ့မှာ သက်တမ်းကုန်မယ့် ငွေကြေး ကယ်ဆယ်ရေး စီမံကိန်းနဲ့ ပတ်သက်လို့ ယူရုဇုံ နိုင်ငံတွေနဲ့ ဂရိစ်နိုင်ငံအကြား ဆွေးနွေးပြောဆိုမှုတွေ မအောင်မမြင် ဖြစ်ခဲ့အပြီးမှာ အခုဒီ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်အရ ဂရိစ်နိုင်ငံမှာ ရှိတဲ့ ဘဏ်တွေအနေနဲ့ သူတို့ဘဏ်မှာ ငွေအပ်နှံထားသူတွေကို ငွေတွေ ပြန်ထုတ်ပေးဖို့ ငွေအလုံအလောက် ရှိမှာ မဟုတ်ပဲ တနင်္လာနေ့မှာ ဘဏ်တွေ ပြန်ဖွင့်နိုင်မယ့် ပုံ မရှိဘူးလို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က ပြောပါတယ်။
ဂရိစ်နိုင်ငံမှာ ငွေကြေး စနစ် ဝရုန်းသုန်းကား ဖြစ်မသွားအောင် ကြိုတင် ကာကွယ်တဲ့အနေနဲ့ တနင်္လာနေ့ကို ဘဏ်ပိတ်ရက်အဖြစ် ကြေညာသင့်တယ်လို့ ယူရိုဇုံနိုင်ငံတွေက ဝန်ကြီးတွေက အကြံပြုထားပါတယ်။




