ဗြိတိန် အီးယူထဲ ဆက်နေမလား ဆန္ဒခံယူမယ်

Philip Hammond

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အီးယူ မှာ မမှတ်မိ လောက်အောင် ပြောင်း သွားတယ်လို့ Philip Hammond ဆို

ဗြိတိန် အီးယူ ဥရောပ သမဂ္ဂ ထဲမှာ ဆက်နေမလား ၂ဝ၁၇ ခုနှစ် အကုန်မှာ ဆန္ဒခံယူပွဲ လုပ်ဖို့ ဗြိတိသျှ ပါလီမန် မှာ မဲအများစု နဲ့ မဲခွဲ ဆုံးဖြတ် ခဲ့ကြ ပါတယ်။

၁၉၇၅ က ဗြိတိန်မှာ ဆန္ဒခံယူပွဲ လုပ်ပြီး အီးယူ ကို ဝင်ရောက် ခဲ့ပြီး နောက် အီးယူ အဖွဲ့ မှာ မမှတ်မိ နိုင်လောက် အောင် ပြောင်းလဲ သွားခဲ့တယ် လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး Philip Hammond က ဆိုပါတယ်။

အီးယူကို စာချုပ် စည်းမျဉ်း အသစ် တွေနဲ့ အာဏာ တွေ အများကြီး ထပ်ပေး ထားပြီး အဖွဲ့ ဝင် နိုင်ငံ တွေရဲ့ ဒီမိုကရေစီ မူတွေ ကို ထိပါး လာကြောင်း သူက ပြောကြား ခဲ့ပါတယ်။

ဒီ ဆန္ဒခံယူပွဲ မတိုင်ခင် အီးယူ ကို ပြုပြင် ပြောင်းလဲရေး တွေ လုပ်ဖို့ ဗြိတိသျှ ဝန်ကြီးချုပ် David Cameron က အီးယူ ခေါင်းဆောင် တွေကို ဆော်သြ ခဲ့ပါတယ်။