ဂ​ရိ အကြပ်​အတည်း​တွေကို ကူညီ​ဖို့ အီး​ယူ​က ဒေါ်လာ သန်း၂​ထောင်ပေးမယ်

jean-claude_juncker

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဂရိ စီးပွားရေး ပြန်လည် တိုးတက် ဖို့နဲ့ လူမှု အဖွဲ့အစည်း အတွင်း စုစည်း ခိုင်မြဲ ဖို့ အကူ အညီ ပေးကြောင်း မစ္စတာ ယွန်ကာ က ဆိုပါတယ်။

ကြွေးမြီး ပြဿနာ တွေ နဲ့ ရင်ဆိုင် နေရတဲ့ ဂရိ နိုင်ငံ တိုးတက် ဖွံ့ဖြိုးရေး အတွက် ဒေါ်လာ သန်း ၂ ထောင် ကျော် တန်ဖိုး ရှိတဲ့ ငွေကြေး ရံပုံငွေ တွေ ကူညီ မယ် လို့ ဥရောပ ကော် မရှင် က ကမ်းလှမ်း လိုက်ပါတယ်။

ဒီ ကမ်းလှမ်းချက် ကို ဥရောပ ကော် မရှင် ရဲ့ ဥက္ကဌ ယန် ကလော့ဒ် ယွန်ကာ က ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ ထောက်ပံ့ ငွေ တွေ ကို ဂရိ နိုင်ငံ စီးပွားရေး ပြန်လည် တိုးတက် လာအောင် နဲ့ ဂရိ ရဲ့ လူမှု အဖွဲ့အစည်း အတွင်း စုစည်း ခိုင်မြဲ မှု ရရှိလာအောင် အသုံးပြုရ မှာ ဖြစ်ကြောင်း မစ္စတာ ယွန်ကာ က ဆိုပါတယ်။

ဘရပ်ဆဲလ် မြို့ မှာ ပြုလုပ် နေတဲ့ အီးယူ ထိပ်သီး အစည်း အဝေး နဲ့ အပြိုင် ဥရောပ ခေါင်းဆောင် တွေ နဲ့ ဂရိ ဝန်ကြီး ချုပ် အလက်ဆီ ဆီးပရပ်စ် တို့ သီးသန့် တွေ့ဆုံ ဆွေး နွေး ကြ အပြီး မှာ အခုလို ကမ်းလှမ်းချက် ထွက် ပေါ် လာတာပါ။

အဲဒီ့ ကမ်းလှမ်းချက် ကို ဂရိ ဝန်ကြီး ချုပ် က ကြိုဆို လိုက်ပြီး သတင်းစာ ရှင်းလင်း ပွဲ မှာ ဂရိ ဝန်ကြီး ချုပ် ဆီးပရပ်စ် က ဂရိ နိုင်ငံ ထဲ မှာ အခွန် ရှောင်တိမ်း မှု တွေ ကို သူ့ အစိုးရ က တိုက်ဖျက် သွား မှာ ဖြစ် ကြောင်း ပြောခဲ့ ပါတယ်။