တရုတ် စစ်သုံးစရိတ် ၁၀ ရာနှုန်း တိုးမြှင့်မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ် နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၁၅ အတွက် ၁၀ ရာခိုင်နှုန်း တိုးမယ်လို့ တရုတ် အရာရှိတွေက ပြောပါတယ်။
မနှစ်တုန်းကလည်း တရုတ်က စစ်ရေး အသုံးစရိတ်ကို ၁၂ ရာခိုင်နှုန်းကျော် တိုးခဲ့လို့ ဒေါ်လာ ၁၃၀ ဘီလျံ ရှိခဲ့ကာ ဒီနှစ်မှာတော့ ဒေါ်လာ ၁၄၅ ဘီလျံ အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ပြီးခဲ့တဲ့ အနှစ် ၂၀ က စပြီး တရုတ်က သူ့ရဲ့ စစ်သုံးစရိတ်ကို ဆက်တိုက် တိုးမြှင့် သုံးစွဲလာခဲ့တာ ဖြစ်ပါတယ်။
တရုတ် အစိုးရ ပြောခွင့်ရသူ ကတော့ နောက်ကျန်ခဲ့သူ အနိုင်ကျင့်ခံရတယ် ဆိုတဲ့ သမိုင်း သင်ခန်းစာကို သူတို့ ရထားတယ်လို့ ပြောပါတယ်။
တရုတ်ဟာ စစ်တပ်ကို ခေတ်မီ နည်းပညာတွေ တပ်ဆင်ဖို့ ငွေတွေ အများကြီး သုံးနေပြီး ရေငုပ် သင်္ဘောတွေ၊ လျှို့ဝှက် ထောက်လှမ်းရေး လေယာဉ်တွေ ပိုပြီး ဝယ်ယူ လာတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
တရုတ် စစ်အင်အား တိုးချဲ့လာတာကို အိမ်နီးချင်း နိုင်ငံတွေက စိုးရိမ်ကြပြီး ဂျပန်ကလည်း သူ့ရဲ့ စစ်သုံးစရိတ်ကို လိုက်လံ တိုးမြှင့် လာခဲ့ပါတယ်။
ကမ္ဘာမှာ တရုတ်ထက် စစ်စရိတ် ပိုသုံးတာ အမေရိကန် တစ်နိုင်ငံပဲ ရှိပါတယ်။




