ရွေး​ကောက်​ပွဲ ကတိ​တွေ ထိန်း​မယ်​လို့ ဂ​ရိ​ဝန်ကြီး​ချုပ်​သစ် ပြော

_tsipras

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂရိ အနေနဲ့ လာမယ့် နွေရာသီ အထိ ရေတို ချေးငွေ အသေးစားတွေ ရရှိလို။

ဂရိ နိုင်ငံ မှာ အနည်ဆုံး လုပ်ခငွေ နှုန်းထား မြှင့်တင် ပေးမှာ ဖြစ်ပြီး အရင် အစိုးရ လက်ထက် ရက်စက်တဲ့ ခြိုးခြံ ချွေတာရေး မူဝါဒ အရ အလုပ်ဖြုတ် ခံခဲ့ရသူ ထောင်နဲ့ချီ တဲ့ နိုင်ငံ့ ဝန်ထမ်းတွေ ကို ပြန်လည် ခန့်ထားမယ် ဆိုပြီး ဂရိ ဝန်ကြီးချုပ်သစ် အလက်ဆီ ဆီးပရက်စ် က ပြောပါတယ်။

ဂရိနိုင်ငံ အနေနဲ့ ဥရောပ သမဂ္ဂ ဆီက ဘဏ္ဍာရေး အကူအညီ ရယူတဲ့ အစီအစဉ် ကို သက်တမ်း တိုးဖို့ ဆန္ဒ မရှိပေမယ့် ကြွေးမြီ ကိစ္စ သဘောတူညီမှု တွေ အပေါ် ပြန်လည် ညှိနှိုင်းဖို့ အချိန်ရ အောင်လို့တော့ လာမယ့် နွေရာသီ အထိ ရေတို ချေးငွေ အသေးစား တွေ ရရှိ လိုကြောင်း ဝန်ကြီးချုပ် ဆီးပရက်စ် က သူ့ရဲ့ စီးပွားရေး ဆိုင်ရာ စီမံကိန်း နဲ့ ပတ်သက်ပြီး ဂရီ ပါလီမန် ကို ရှင်းပြ ခဲ့ပါတယ်။

ရွေးကောက်ပွဲ ကာလ ကတိပြုမှု တွေ အားလုံးကို ဖော်ဆောင် မယ် ဆိုပြီး မစ္စတာ ဆီးပရက်စ် က ပြောသလို နိုင်ငံရေး သမားတွေ ရဲ့ ခံစားခွင့်တွေ ကို လျှော့ချ ဖြတ်တောက် မှာ ဖြစ်ကြောင်း လည်း မစ္စတာ ဆီးပရက်စ် က ကြေညာ ခဲ့ပါတယ်။

အကျင့်ပျက် ခြစားမှု တွေနဲ့ အခွန် တိမ်းရှောင်မှုတွေ ကို အဓိက တိုက်ဖျက် ရလိမ့်မယ် လို့ မစ္စတာ ဆီးပရက်စ် က ဆိုပါတယ်။