ဂရိကို အကြွေးမလျှော်ပေးတော့ဘူးလို့ မာခဲလ်ပြော

ဓာတ်ပုံ ရင်းမြစ်, EPA
ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က ဂရိနိုင်ငံက တင်ရှိနေတဲ့ အကြွေးတွေကို ထပ်ပြီး လျှော်ပေးသွား တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အရင်က ဂရိရဲ့တင်ရှိနေတဲ့ အကြွေးတွေကို ဒေါ်လာ ဘီလျံနဲ့ ချီပြီး လျှော်ပေးခဲ့ပြီး ဖြစ်တာကြောင့် နောက်ထပ် ဘာမှ ထပ်လုပ်ပေးဖို့ မစဉ်းစား ထားဘူးလို့ ဂျာမန် သတင်းစာ တစောင်ကို ပြောပါတယ်။
ဂရိ ဘဏ္ဍာရေး ဝန်ကြီးဟာလည်း ပြင်သစ် နိုင်ငံပါရီ မြို့တော်ကို ရောက်ရှိနေပြီး နိုင်ငံတကာက မြီရှင်တွေနဲ့ ထပ်မံ ညှိနှိုင်း သွားနိုင်ဖို့ မျှော်လင့် နေပါတယ်။
အီးယူရဲ့ ဘဏ္ဍာရေး ဆိုင်ရာ မဟာမင်းကြီးကလည်း ဂရိနိုင်ငံကို ယူရိုဇုန်ထဲ ဆက်ရှိနေစေဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောပါတယ်။




