ပိတ်ဆို့ ဆန္ဒပြဖို့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ဆော်သြ

ဓာတ်ပုံ ရင်းမြစ်, epa
ဘင်္ဂလားဒေ့ရှ့် နိုင်ငံမှာ ရဲက ပစ်ခတ်လို့ ဆန္ဒပြသူ ၃ ဦး သေဆုံး ခဲ့ရပြီးနောက် အတိုက်အခံ BNP ပါတီ ခေါင်းဆောင် Khaleda Zia က နိုင်ငံတဝန်း အဓိက လမ်းမကြီးတွေကို အင်္ဂါနေ့က စတင်ပြီး တိုးမြှင့် ပိတ်ဆို့မှုတွေ လုပ်ဖို့ သူမကို ထောက်ခံ သူတွေကို ဆော်သြ လိုက်ပါတယ်။
နိုင်ငံမြောက်ပိုင်းက Natore မြို့မှာ ခါလီဒါ ဇီယာ ဦးဆောင်တဲ့ အတိုက်အခံ BNP ပါတီကို ထောက်ခံ သူတွေနဲ့ လက်ရှိ အာဏာရ ရှိတ် ဟာဆီနာရဲ့ Awami League ပါတီကို ထောက်ခံသူတွေကြား ခိုက်ရန် ဖြစ်ပွာခဲ့ရာမှာ ရဲဘက်က ပစ်ခတ်လို့ ၃ ဦး သေဆုံး ခဲ့တာပါ။
အတိုက်အခံ ဘီအမ်ပီ ပါတီ ခေါင်းဆောင် ခါလီဒါ ဇီယာကို စနေနေ့က စပြီး ဒါကာမြို့က သူ့ရဲ့ ပါတီ ရုံးကနေ အပြင်ကို မထွက်ဖို့ ရဲတွေက ကန့်သတ် ထားခဲ့ပါတယ်။
ခါလီဒါ ဇီယာ သပိတ်မှောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အထွေထွေ ရွေးကောက်ပွဲ တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ဒီကနေ့ တနင်္လာနေ့မှာ အခုလို ပဋိပက္ခတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။




