မြောက်ကိုရီးယားကို ICCထံ လွှဲဖို့ ကုလ အထွေထွေ ကောင်စီ မဲခွဲ အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့မှုနဲ့ မြောက်ကိုးရီးယား နိုင်ငံကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးထံ လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက မဲခွဲ အတည်ပြု လိုက်ပါတယ်။
ထောက်ခံမဲ ၁၁၆မဲ၊ ကန့်ကွက်မဲ ၂၀၊ ကြားနေမဲ ၅၀ကျော်နဲ့ မဲခွဲ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလတုန်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာထဲမှာ သာမန် မြောက်ကိုးရီးယား ပြည်သူတွေဟာ ပြောမပြနိုင်လောက်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ဖေါ်ပြထားပါတယ်။
လာမယ့် တနင်္လာနေ့ကျရင် ဆုံးဖြတ်ချက် မူကြမ်း တခုကို လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ ရှိပါတယ်။
ဒါပေမယ့် တရုတ်နဲ့ ရုရှားထံက တင်းမာတဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ရဘွယ် ရှိပါတယ်။
မြောက်ကိုရီးယားကတော့ အဲဒီဆုံးဖြတ်ချက် မူကြမ်းဟာ နိုင်ငံရေး အကွက်ဆင်မှု၊ ထိပ်တိုက်ရင်ဆိုင်မှုတွေရဲ့ ရလဒ် ဖြစ်တယ်လို့ ပြောပါတယ်။




