ထိုင်း အိမ်ရှေ့မင်းကြင်ရာတော် တော်ဝင်ဘွဲ့ ကို စွန့်လွှတ်

ဓာတ်ပုံ ရင်းမြစ်, AP
ထိုင်းနိုင်ငံမှာ အိမ်ရှင်မင်း ဝပ်ချယ်ရာ လောင်ကွမ်းန် ရဲ့ ဇနီး မင်းသမီး ဆီရက်ထ် ဟာ၊ သူမရဲ့ တော်ဝင်ဘွဲ့ ကို စွန့်လွှတ် လိုက်ပါတယ်။
ထိုင်း နန်းတော်ရဲ့ ကြေညာ ချက်ထဲမှာ အကြောင်းပြချက် ပေး မထား ပေမယ့်၊ မင်းသမီး ဆီရက်ထ်နဲ့ နီးစပ်တဲ့ ဆွေမျိုး တော်တော် များများဟာ အကျင့်ပျက် ခြစားမှု စွဲချက်တွေနဲ့ အရေးယူ ခံခဲ့ ရတဲ့ နောက်ပိုင်း အခုလို ကြေညာချက် ထွက်ပေါ် လာခဲ့တာပါ။
ပြီးခဲ့တဲ့ လကပဲ၊ အိမ်ရှေ့မင်းသား ကနေ မင်းသမီး ဘက်က မိသားစုတွေ ကို တော်ဝင်မျိုးရိုး ဘွဲ့နာမည် စွန့်လွှတ် ရမယ် ဆိုပြီး အမိန့် ပေးခဲ့ ပါတယ်။
ဒါဟာ အိမ်ရှေ့မင်း အနေနဲ့ သူ့ရဲ့ ဇနီးသည် ကို ကွာရှင်းဖို့ ကြိုးစားမှု ရဲ့ ပထမ အဆင့်ပဲ ဆိုပြီး လူအများ က ထင်မြင် နေကြ ပါတယ်။




