အားကစား အဖွဲ့တွေကို ဘဏ္ဍာရေး စိစစ်ဖို့ ဥပဒေ အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, epa
ဆွစ်ဇာလန်မှာ အခြေစိုက်တဲ့ နိုင်ငံတကာ အားကစား အဖွဲ့အစည်းတွေ အပေါ် ဘဏ္ဍာရေး အရ ပိုမို တင်းကျပ်တဲ့ စိစစ်မှုတွေ လုပ်ဖို့ ဥပဒေ ကြမ်း တခုကို ဆွစ် ပါလီမန် ကနေ အတည်ပြု ပေးလိုက်ပါတယ်။
ဆွစ်ဇာလန်မှာ အခြေစိုက်တဲ့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာလို အဖွဲ့အစည်းတွေမှာ အဂတိ လိုက်စားမှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေ အများအပြား ထွက်ပေါ် လာခဲ့ပြီး နောက်မှာ ဆွစ်ဇာလန်က အခုလို ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။
ဒီဥပဒေသစ် အရ ဆွစ်ဇာလန်က ဘဏ်တွေ အနေနဲ့ ဖီဖာ တို့လို့ အဖွဲ့ကြီးတွေရဲ့ အကြီးအကဲတွေရဲ့ အပ်ငွေတွေကို တရားဝင် နည်းနဲ့ ရတာ ဟုတ် မဟုတ် ဆိုတာ အသေအချာ စိစစ် နိုင်တော့မှာ ဖြစ်ပါတယ်။
ဖီဖာနဲ့ ပတ်သက်တဲ့ စွပ်စွဲချက် တစ်ခုမှာ ကာတာနဲ့ ရုရှား နိုင်ငံတို့ ကမ္ဘာဖလား အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် ရသွားတဲ့ ကိစ္စမှာ လာဘ်ထိုးမှုတွေ ရှိခဲ့တယ် ဆိုပြီး စွပ်စွဲချက်တွေ ထွက်ခဲ့လို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။
ဆွစ်ဇာလန် နိုင်ငံမှာ နိုင်ငံတကာ အားကစား အဖွဲ့ပေါင်း ၆၀ ကျော် အခြေစိုက် ထားတာ ဖြစ်ပါတယ်။




