ပြန်ပေးဆွဲခံ အမေရိကန် သတင်းထောက် သေဆုံး

somers

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, အမေရိကန် သတင်းထောက် Luke Somers

ယီမင်မှာ အယ်လ်ခိုင်ဒါ ပြန်ပေးဆွဲ ခံနေရတဲ့ အမေရိကန် သတင်းထောက် Luke Somers ကို ကယ်ဆယ်ဖို့ စစ်ဆင်ရေး လုပ်နေစဉ် အတွင်း အယ်လ်ခိုင်ဒါ တွေက သတ်ဖြတ်တာ ခံလိုက်ရတယ်လို့ အမေရိကန် စစ်ဘက်က ပြောကြား လိုက်ပါတယ်။

သူနဲ့အတူ တောင်အာဖရိက နိုင်ငံသား ကယ်ဆယ်ရေး လုပ်သား ဓားစာခံ Pierre Korkie ပါ အသတ် ခံခဲ့ရတယ် လို့လည်း သိရပါတယ်။

ယီမင် လုံခြုံရေး အဖွဲ့ အကြီးအကဲ Ali Al-Ahmadi က မစ္စတာ Somers ကို ဒီကနေ့ သတ်တော့မယ် ဆိုလို့ ကယ်ဆယ်ဖို့ ကြိုးစားပေမယ့် ဒီ တိုက်ခိုက်မှု အတွင်း ဒါမှမဟုတ် တိုက်ပွဲ မစခင်မှာ သူ့ကို အယ်လ်ခိုင်ဒါ တွေက ပစ်သတ် ခဲ့တယ်၊ သူ့ကို ကယ်တင်နိုင်ခဲ့ပေမယ့်လည်း ဆေးရုံ မရောက်ခင် လမ်းမှာ သေဆုံး သွားခဲ့တယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီ သတ်ဖြတ်မှု တွေကို အကြမ်းပတမ်း လူသတ်မှုတွေ အဖြစ် အမေရိကန် သမ္မတ အိုဘားမားက ရှုတ်ချ ပြောဆို ခဲ့ပါတယ်။

Mr Somers သတ်ဖြတ် ခံရမယ့် အသက်ဘေး ကျရောက် နေလို့ အမေရိကန် အထူး တပ်ဖွဲ့တွေကို ကယ်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

ဒါပေမဲ့ Mr Korkie ကို မကြာခင်မှာ လွှတ်ပေးတော့မယ် ဖြစ်လို့ ဒီလို မသေသင့်ဘူးလို့ ကယ်ဆယ်ရေး လှုပ်ရှားသူ တွေက ပြစ်တင် ပြောကြား ခဲ့ပါတယ်။