ရှင်ဂျန်း ပြည်နယ်မှာ ၁၂ ဦးကို သေဒဏ်ချ

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်း ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လက လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင် ပတ်သက်မှု အတွက် လူ ၁၂ ယောက်ကို သေဒဏ် အပြစ် ချမှတ် လိုက်ပါတယ်။
တခြား လူ အတော်များများ ကိုလည်း ဆိုင်းငံ့ သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် အပါအဝင် ပြစ်ဒဏ်တွေ ချမှတ်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ရှင်ဂျန်း ပြည်နယ်မှာ အစိုးရ ရုံးတွေနဲ့ ရဲစခန်း တစ်ခုကို တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။
အဲဒီ ဖြစ်စဉ်မှာ တိုက်ခိုက်သူ ၅၀ ကျော်နဲ့ အတူ အရပ်သားတွေလည်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။
ဗဟို အစိုးရရဲ့ ဖိနှိပ်မှုတွေကို ခံနေရတယ်လို့ ပြောနေတဲ့ ဝိဂါ လူမျိုးတွေ အများစု နေထိုင်ရာ ရှင်ဂျန်း ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အကြမ်းဖက်မှုတွေ တိုးပွား လာခဲ့ပါတယ်။




