မာလာလာကို ပစ်ခဲ့သူတွေ ဖမ်းမိပြီလို့ ဆို

ဓာတ်ပုံ ရင်းမြစ်, AFP
မိန်းကလေး တွေ ပညာသင်ခွင့် ကို တောင်းဆိုတဲ့ အတွက် တာလီဘန်တို့ ရဲ့ ပစ်မှတ်ထား ခံခဲ့ရတဲ့ Yusufzai ကို၊ လွန်ခဲ့တဲ့ ၂ နှစ်က သေနတ်နဲ့ ပစ်ခတ် ခဲ့သူတွေ အဖြစ် သံသယရှိရ သူတွေကို ဖမ်းဆီး ထားလိုက်ပြီ လို့ ပါကစ္စတန် စစ်တပ် က ပြောပါတယ်။
အခု ဖမ်းဆီးခံရတဲ့ ၁၀ ဦး ဟာ၊ ပါကစ္စတန် တာလီဘန် အဖွဲ့ရဲ့ လက်ရှိ ခေါင်းဆောင် Mullah Fazlullah အတွက် အလုပ် လုပ် ပေးနေသူ တွေ ဖြစ်တယ် ဆိုပြီး ၊ ပါကစ္စတန် စစ်တပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှုးချူပ် Asim Salim Bajwa က ပြောပါတယ်။
အခုလို ဖမ်းဆီး မိနိုင်ဖို့ အချိန် ၁ နှစ် ယူခဲ့ရတယ် လို့လည်း ဆိုပါတယ်။
တာလီဘန်တို့ဘက် က ပြောခွင့်ရ Jamaat ul Ahrar က တော့၊ အခု ဖမ်းဆီး ခံရသူတွေဟာ မာလာလာ ကို ပစ်ခတ် ခဲ့သူတွေ ဆိုတာ၊ စစ်တပ်ရဲ့ လိမ်ညာ ပြောဆိုမှုသာ ဖြစ်ကြောင်း တုန့်ပြန် လိုက်ပြီး၊ တကယ် ပစ်ခတ်ခဲ့သူ ၂ ဦး လွတ်မြောက်နေ ဆဲ ဖြစ်ကြောင်း ပြောပါတယ်။




