မင်းသား ဝီလျံရဲ့ ကြင်ယာတော် ဒုတိယ ကိုယ်ဝန်ရ

မင်းသား ဝီလျံတို့ မိသားစု သြစတြေးလျကို သွားရောက်စဉ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မင်းသား ဝီလျံတို့ မိသားစု သြစတြေးလျကို သွားရောက်စဉ်

ဗြိတိသျှ ထီးနန်းရဲ့ ဒုတိယမြောက် နန်းလျာ Cambridge မြို့စား ဝီလျံ မင်းသားရဲ့ ကြင်ယာတော် ကက်သရင်းဟာ ဒုတိယ ကလေး ကိုယ်ဝန် ဆောင် ထားပြီလို့ Kensington နန်းတော်က ပြောပါတယ်။

ဒါကြောင့် မြို့စားကတော် တက်ရောက်ဖို့ စီစဉ်ထားတဲ့ အခမ်းအနားတွေကို ဖျက်ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မြို့စားကတော် ကက်သရင်း ပထမ ကိုယ်ဝန်ဆောင်စဉ်က ပြင်းပြင်းထန်ထန် မအီမသာ ဖြစ်ခဲ့လို့ ဆေးဝါးကုသမှု ခံယူ ခဲ့ရတယ်လို့လည်း နန်းတော် အရာရှိ တွေက ပြောပါတယ်။

Buckingham နန်းတော်က ထုတ်ပြန်တဲ့ ကြေညာချက် မှာတော့ ဘုရင်မကြီးနဲ့ မိသားစုတွေက အခု သတင်းကြောင့် ဝမ်းသာ ပီတိ ဖြစ်ရကြောင်း ဖော်ပြထားပါတယ်။

ကက်သရင်းရဲ့ ကြင်ယာတော် Cambridge မြို့စား ဝီလျံ မင်းသားဟာ ဗြိတိသျှ ထီးနန်းကို ဆက်ခံဖို့ ဒုတိယ နေရာမှာ ရှိနေပြီး သူတို့ရဲ့ သားဦး George မင်းသားလေးကို ၂၀၁၃ ခုနှစ်က ဖွားမြင်ခဲ့ပါတယ်။