ယူကရိန်း အစိုးရနဲ့ သူပုန် အပစ်ရပ်ဖို့ သဘောတူပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
ဘယ်လာရုစ် နိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ယူကရိန်း အစိုးရနဲ့ ခွဲထွက်ရေး သူပုန်တွေကြား အပစ်ရပ်ဖို့ ပဏာမ အစီအစဉ်ကို သဘောတူ လက်မှတ်ထိုး လိုက်ပြီလို့ ယူကရိန်း သမ္မတ ပီထရို ပိုရိုရှန်ကိုက ပြောပါတယ်။
ယူကရိန်း အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေကြောင်း သတင်းတွေ ထွက်လာပြီး မကြာမီမှာပဲ အခုလို အပစ်ရပ်ဖို့ သဘောတူ လိုက်ကြောင်း ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အနောက်နိုင်ငံ တွေကတော့ အစောပိုင်း ကတည်းက အပစ်ရပ်ရေး သဘောတူချက် ရခဲ့မယ် ဆိုရင်တောင် ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်လုပ်မယ်လို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။
နေတိုး ခေါင်းဆောင်တွေကလည်း ယူကရိန်း အရှေ့ပိုင်းမှာ ကြည်း ရေ လေ တပ်ဖွဲ့တွေအားလုံး ပါဝင်တဲ့ စစ်ဆင် တိုက်ခိုက်ရေး တပ်ဖွဲ့ တဖွဲ့ ချက်ချင်း ချထားဖို့ ဝေလ ပြည်နယ်မှာ ကျင်းပနေတဲ့ နေတိုး ထိပ်သီး ဆွေးနွေးပွဲမှာ အစောပိုင်းက သဘောတူ ခဲ့ကြပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် David Cameron ကလည်း အဲဒီ တပ်ဖွဲ့သစ် အတွက် ဗြိတိန် တပ်ဖွဲ့ဝင် ၃၅၀၀ စေလွှတ်ပေးဖို့ အသင့် ရှိတယ်လို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။




