ယူကရိန်း နေရပ်စွန့်ခွာသူ တစ်သန်း ကျော်ပြီ

ဓာတ်ပုံ ရင်းမြစ်, AP
ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခ တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာ ခဲ့ကြရသူ တစ်သန်းကျော် ရှိသွားပြီလို့ ကုလ သမဂ္ဂက ပြောပါတယ်။
အဲဒီထဲမှာ ရုရှား နိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက်ခဲ့ကြသူ အရေအတွက်က သိသိသာသာ များပြားတယ် လို့လည်း ဆိုပါတယ်။
ယူကရိန်း နိုင်ငံတွင်းမှာတင် နေရပ် စွန့်ခွာခဲ့ကြရသူ ဦးရေဟာလည်း သိသိသာသာ မြင့်တက်လာခဲ့ရာမှာ နှစ်ဆတိုးပြီး လူဦးရေ နှစ်သိန်း ခြောက်သောင်း ရှိသွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ သွားနေကြသူ တချို့ရှိပြီး အာဏာပိုင်တွေကို အကြောင်းမကြား သူတွေလည်း ရှိတဲ့ အတွက် တကယ်တမ်း ထွက်ပြေးကြရတဲ့ အရေ အတွက်က ဒီထက် ပိုများနိုင်တယ်လို့လည်း ကုလ သမဂ္ဂက ပြောပါတယ်။
ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးAntonio Guterres ကတော့ ယူကရိန်း ပြဿနာ အမြန် မပြီးဆုံးသရွေ့ ဆိုးရွာတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပြီး ဒေသ တစ်ခုလုံး မတည်မငြိမ် ဖြစ်သွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။




