အီရတ်ရှိ ခရစ်ယာန်တွေ အိုးအိမ်စွန့်ပြေး

အီရတ်မှာ ဒုက္ခရောက်နေတဲ့ ခရစ်ယာန်များ

ဓာတ်ပုံ ရင်းမြစ်,

ဓာတ်ပုံ ပုံစာ, အီရတ်မှာ ဒုက္ခရောက်နေတဲ့ ခရစ်ယာန်များ

အီရတ်နိုင်ငံမှာ ISIS ဆွန်နီ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ၄၈နာရီအတွင်း အရပ်သားပေါင်း နှစ်သိန်း အိုးအိမ်စွန့်ပြေး ကြရပါတယ်။ လူသားတွေရဲ့ ဆင်းရဲဒုက္ခကို အဆုံးသတ်အောင် နိုင်ငံတကာက အရေးယူ ဆောင်ရွက်ဖို့ ပုပ်ရဟန်းမင်းကြီးက မေတ္တာရပ်ခံ လိုက်ပါတယ်။

အီရတ်နိုင်ငံမှာ အစ္စလမ် စစ်သွေးကြွတွေက ခရစ်ယာန် ဘာသာဝင်တွေရဲ့ အကြီးဆုံးမြို့ Qaraqosh ကိုသိမ်းပိုက်ပြီး အဲဒီနေရာတွေမှာ လုယက်နေတဲ့ သတင်းတွေရပါတယ်။

ဒီမြို့ကြီးမှာ ခရစ်ယာန်တွေ နှစ်ပေါင်း၂ထောင်ကျော် နေခဲ့ကြတာဖြစ်ပါတယ်။ အခုအပါတ် စောစောပိုင်းတုန်းကလည်း ရာဇီဒီလို့ခေါ်တဲ့ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေ ထွက်ပြေး ခဲ့ကြရပါတယ်။

အများစုက အနီးနားက တောင်တွေပေါ်မှာ ခိုလှုံနေကြပါတယ်။ အခုအခါ ကယ်ဆယ်ရေး လုပ်သားတွေက အဲဒီနေရာတွေမှာ သွားရောက်ကူညီဖို့ လုံခြုံရေး အခက်အခဲတွေ တွေ့နေရပါတယ်။

တောင်တန်းပေါ်မှာ သူတို့မိသားစုတွေနဲ့ အတူကလေးသူငယ် ၂သောင်းခွဲကျော် ပိတ်မိနေပြီး ကလေး၅၀ကျော် မသေသင့်ဘဲသေလို့ အလွန်စိုးရိမ်စရာ ကောင်းကြောင်း ယူနီဆက် တာဝန်ရှိသူက ပြောပါတယ်။ ဒီတိုက်ပွဲတွေမှာ ထွက်ပြေးရသူတွေအတွက် အစာတို့ဆေးတို့ကို လေကြောင်းက ချပေးတာမျိုး မြေပြင်မှဝင်တိုက်တာမျိုးစတဲ့ နည်းလမ်း အမျိုးမျိုးကို သမ္မတ အိုဘားမားက စဉ်းစားနေပါတယ်။

လက်ရှိ ရှအာဝန်ကြီးချုပ် နိုရီအဲလ် မာလာကီက ဆူနီနဲ့ ကဒ်တို့ရဲ့ ထောက်ခံမှုရအောင် မလုပ်နိုင်တဲ့အတွက်အခုလို တိုက်ပွဲတွေ ပိုဆိုးလာတာလို့ အမေရိကန်တို့က အပစ်တင်သွားပါတယ်။