အိုင်းဇစ်တွေ ရေနံမြေကို ထိန်းချူပ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ်နိုင်ငံ အနောက်မြောက်ပိုင်း မိုဆိုးလ်မြို့ အနီး က မြို့ ၂ခု အပါအဝင်၊ ရေနံမြေ နဲ့ အဓိက ရေကာတာ ဆည်ကြီးတစ်ခု ကို၊ ကာ့ဒ်မျိုးနွယ်စု လက်နက်ကိုင် အုပ်စု ဖြစ်တဲ့ ပက်ရှ်မဲဂါ တွေ လက်ထဲက နေ၊ ဆွန်နီ သူပုန် အိုင်းဇစ်တွေ က၊ သိမ်းယူ လိုက်ပါတယ်။
အခုဆို အဲဒီ့ ရေနံမြေ အနီးက၊ ဇူမာလို့ ခေါ်တဲ့ ကာ့ဒ်လူမျိုးစုတွေ အများစု နေထိုင်ရာ ဒေသမှာ၊ အိုင်းဇစ်တို့ရဲ့ အနက်ရောင် အလံတွေ လွှင့်ထူထားတာ တွေ့ရကြောင်း၊ မျက်မြင် သက်သေတွေ က အတည်ပြု ပြောကြားပါ တယ်။
ဒါ့အပြင်၊ အစောပိုင်း တိုက်ပွဲတွေ အတွင်း၊ ထွက်ပြေးခဲ့ရတဲ့ အရပ်သား ထောင်နဲ့ချီပြီး ခိုလှုံနေရာ၊ အနီးအနားက ဆင်ဂျာဒေသမှာ လည်း၊ အိုင်းဇစ်တို့ အလံတွေ လွှင့်ထားတယ် လို့ ဆိုပါတယ်။
အိုင်းဇစ်တွေဟာ အီရတ်နိုင်ငံ မြောက်ပိုင်း နဲ့ အနောက်ဘက်ပိုင်း တလွှား ဒေသတွေကို ထိန်းချူပ် ထားတာမှာ၊ ရေနံမြေတွေ ရှိတဲ့ နေရာတွေ ကို၊ ချူပ်ကိုင်နိုင် ဖို့ အဓိက ကြိုးစား နေကြပါ တယ်။




