အီရတ်မြို့က ခရစ်ယာန်တွေ အုပ်စုလိုက် ထွက်ပြေး

အီရတ်နိုင်ငံမှာ မြောက်ပိုင်းက ခရစ်ယာန် ဘာသာဝင်တွေ အများဆုံး အခြေစိုက် နေထိုင်တဲ့ ခါရာကို့ရှ် မြို့ကို ဆွန်နီ အစွန်းရောက် သူပုန် အိုင်းဇစ်တွေက သိမ်းယူ လိုက်လို့ အဲဒီ မြို့ခံ ခရစ်ယာန်တွေ ထောင်နဲ့ချီ ထွက်ပြေး နေကြပါတယ်။
အဲဒီ မြို့ကနေ ကာ့ဒ် မျိုးနွယ်စု တပ်ဖွဲ့ ဆုတ်ခွာသွားလို့ အိုင်းဇစ် စစ်သွေးကြွတွေက သိမ်းယူလိုက်တာ ဖြစ်ပါတယ်။
အဲဒီ ဒေသက ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ဘီဘီစီကို ပြောရာမှာ အိုက်ဇစ် စစ်သွေးကြွတွေဟာ ခရစ်ယာန်တွေ နှစ်ပေါင်း ၂၀၀၀ လောက် အခြေချ နေထိုင်ခဲ့တဲ့ နေရာတွေကို သိမ်းယူ ဖျက်ဆီးနေတယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။
ပြင်သစ်နိုင်ငံက ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အရေးပေါ် ခေါ်ယူထားပါတယ်။
ဒီအရေးကို ဖြေရှင်းဖို့ ပုပ်ရဟန်းမင်းကလည်း နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှုတွေကို တောင်းခံလိုက်ပါတယ်။




