အီရတ် သမ္မတသစ် တင်မြှောက်ပြီ

ဓာတ်ပုံ ရင်းမြစ်, AP
ကာလ အတော်ကြာ နှောင့်နှေး နေခဲ့ပြီးနောက် ကာ့ဒ် လူမျိုး နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ကို အီရတ် လွှတ်တော်ကနေ သမ္မတ တင်မြှောက် လိုက်ပြီ ဖြစ်ပါတယ်။
အီရတ် အစိုးရသစ် ဖွဲ့ဖို့ ကြိုးစား နေဆဲမှာ Fouad Massoum ကို သမ္မတ တင်လိုက်တာ ဖြစ်ပါတယ်။
ဆွန်နီ စစ်သွေးကြွ တွေနဲ့ အစ္စလာမ္မစ် ဆူပူမှု တွေကြောင့် အီရတ် တည်ငြိမ်ရေးကို အကြီးအကျယ် ခြိမ်းခြောက် နေတာမို့ ခုလို လူမျိုးစု ကြီး တွေထဲက ရွေးချယ် တင်မြှောက် နေရတာပါ။
ဝန်ကြီးချုပ် ရာထူးကိုလည်း ရှီအာ မွတ်ဆလင် တွေထဲကနေ ရွေးဖို့ သြဂုတ် လလယ် မတိုင်မီ ပါတီတွေ ဆုံးဖြတ်ရမှာပါ။
လက်ရှိ အာဏာရ အီရတ် ဝန်ကြီးချုပ် နိုရီ အယ်လ် မာလီကီက သူ ရာထူး ဆက်ယူချင်တယ် ဆိုလို့ ဝန်ကြီးချုပ်သစ်ကို အတော် ရွေးချယ်ရ ခက်မယ့် အနေအထား ရှိနေပါတယ်။
သူ့ကို ဒီရာထူးက ဆင်းပေးဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာကလည်း ဖိအားတွေ ပေးနေပါတယ်။




