ကြယ်တံခွန်ကို Rosetta က လှည့်ပတ်သွားနိုင်ပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
ကြယ်တံခွန် တစ်ခုရဲ့ နောက်ကို ၁၀ နှစ်ကြာ လိုက်နေခဲ့တဲ့ ဥရောပက လွှတ်တင်ခဲ့တဲ့ Rosetta အာကာသ ယာဉ်ဟာ အခုတော့ အဲဒီ ကြယ်တံခွန်ကို ပထမဆုံး အကြိမ် လှည့်ပတ် လိုက်ပါသွားနိုင်ပြီ ဖြစ်ပါတယ်။
သူ့အရင် အာကာသယာဉ်တွေ တုန်းကတော့ အဲဒီ ကြယ်တံခွန်ရဲ့ နံဘေးကနေ အရှိန်နဲ့ ဖြတ်သွားရုံ လောက်သာ လုပ်နိုင်ခဲ့ပါတယ်။
67P သို့မဟုတ် Churyumov-Gerasimenko လို့ အမည်ပေးထားတဲ့ အဲဒီ ကြယ်တံခွန်ဟာ ၄ ကီလိုမီတာ အကျယ်အဝန်း ရှိပါတယ်။
အဲဒီ ကြယ်တံခွန်ကို Rosetta က လှည့်ပတ်နေရင်း ကမ္ဘာပေါ်က သက်ရှိတွေ ရှင်သန် ပေါက်ဖွားရေးမှာ လိုအပ်တဲ့ ရေနဲ့ ကာဗွန် ဓာတ်တွေကို ကြယ်တံခွန် တွေက ယူဆောင်ပေးခဲ့ သလား ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာမှာ ဖြစ်ပါတယ်။




