အရေးပေါ် အခြေအနေ ဆီယာရာ လီယွန်း ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီယာရာ လီယွန်း Sierra Leone နိုင်ငံမှာ အသက်သေစေနိုင်တဲ့ အီဘိုလာ Ebola ဗိုင်းရပ် စ် ပျံ့နှံ့နေမှု အန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့အတွက် အရေးပေါ် အခြေအနေကို ကြေညာလိုက်ပါတယ်။
ရောဂါ စတင် ဖြစ်ပွားရာ အဓိက နေရာတွေ အားလုံးကို ဘယ်သူမှ မဝင်ထွက်ရအောင် တားမြစ်မယ်လို့ သမ္မတ Ernest Bai Koroma က ပြောပါတယ်။
လိုင်ဘေးရီးယား နိုင်ငံမှာလည်း တင်းကျပ်တဲ့ အရေးပေါ် အစီအစဉ်တွေ ချမှတ် လုပ်ဆောင်နေပါတယ်။
အီသီယိုးပီးယား နိုင်ငံမှာတော့ အနောက် အာဖရိက ကနေ သူ့နိုင်ငံထဲ ဝင်ရောက်လာသူ အားလုံးကို ရောဂါ စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပါတယ်။
အိမ်နီးချင်း ကင်ညာ နိုင်ငံမှာလည်း နယ်စပ်ဂိတ်တွေ အားလုံးမှာ ခရီးသွားတွေကို ကျန်းမာရေး စစ်ဆေးတဲ့ အစီအစဉ်တွေ အစိုးရက တိုးမြှင့် လုပ်ဆောင်နေပါတယ်။
အနောက်အာဖရိက ဒေသမှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၇၀ ကျော်သွားပြီ ဖြစ်ပါတယ်။




