ယူကရိန်း တိုက်လေယာဉ် တစင်း ပစ်ချခံရ

ဓာတ်ပုံ ရင်းမြစ်, Getty
ယူကရိန်း တိုက်လေယာဉ် တစ်စင်း ဗုဒ္ဓဟူးနေ့ ညပိုင်းက ပစ်ချခံခဲ့ရပြီး ဒါဟာ ရုရှားတို့ရဲ့ လက်ချက် ဖြစ်တယ်လို့ ယူကရိန်း အစိုးရက စွပ်စွဲလိုက်ပါတယ်။
SU-25 အမျိုးအစား ယူကရိန်း တိုက်လေယာဉ်ဟာ လူဟန့်စ်ခ်မြို့ အနီးမှာ ရုရှားလုပ် ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရပြီး လေယာဉ်မှူး ကတော့ ခုန်ထွက် လွတ်မြောက် သွားတယ်လို့ ယူကရိန်း ကာကွယ်ရေး ဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
ယူကရိန်း သတင်းမီဒီယာက ထုတ်လွှင့် ဖော်ပြတဲ့ ဗီဒီယို တစ်ခုမှာ ရုရှား နယ်မြေထဲကနေ ယူကရိန်း ဘက်ကို Grad ဒုံးကျည်တွေနဲ့ ပစ်ခတ်နေပုံတွေ ပါဝင်ပါတယ်။
ရုရှားကတော့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး လက်နက်ကိုင်တွေကို တစုံတရာ အထောက်အပံ့ ပေးမထားကြောင်း ငြင်းဆိုထားပါတယ်။




