အိုင်းစစ်အဖွဲ့က လူ ၁၆၀ ကျော် သတ်ဖြတ်ခဲ့ဟုဆို

ဓာတ်ပုံ ရင်းမြစ်, AFP
အီရတ်နိုင်ငံ တိကရစ် မြို့ကို အခုလ စောစောပိုင်းက အိုင်းစစ် ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့က သိမ်းခဲ့ပြီးတဲ့နောက် လူပေါင်း ၁၆၀ နဲ့ ၁၉၀ ကြား လောက်ကို သူတို့ သတ်ဖြတ် ပစ်ခဲ့ဖွယ် ရှိတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။
ဂြိုဟ်တုက ရတဲ့ ပုံရိပ်တွေနဲ့အတူ လူသေ အလောင်းတွေနဲ့ ပြည့်နေတဲ့ မြောင်းကြီး ၂ ခုရဲ့ ဓာတ်ပုံတွေကို စစ်ဆေး သုံးသပ်ပြီး HRW အဖွဲ့က ခုလို ပြောတာ ဖြစ်ပါတယ်။
သူတို့ရဲ့ သံသယကို အတည်ပြုနိုင်ဖို့ တိကရစ် မြို့ကို သွားရောက် ကြည့်ရှုဖို့ မဖြစ်နိုင်ပေမယ့် အသတ်ခံရသူ အရေအတွက်ဟယ ဒီထက် ပိုများနိုင်တယ်လို့ HRW က ပြောပါတယ်။
အဲဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ထားတဲ့ ပုံတွေကို အွန်လိုင်း စာမျက်နှာတွေ ပေါ်မှာ အိုင်းစစ် အဖွဲ့က တင်ထားတာ ဖြစ်ပါတယ်။




