ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ် ရုရှ ထောက်ခံ

ဓာတ်ပုံ ရင်းမြစ်, AP
ယူကရိန်း အရှေ့ဘက်ပိုင်း ဒေသတွေ အရေးနဲ့ ပတ်သက်ပြီး၊ ယူကရိန်း သမ္မတ ပိုရို ရှန်ကို လုပ်ဆောင် လာခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေ အပေါ် သူ့အနေနဲ့ ထောက်ခံတယ် ဆိုပြီး၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်ပါတယ်။
ဒါပေမယ့်၊ ယူကရိန်း အစိုးရ အနေနဲ့ ရုရှားလိုလားသူ သူပုန် ခေါင်းဆောင်တွေနဲ့ အပေးအယူ မလုပ်နိုင်ဘူး ဆိုပြီး ငြင်းဆိုထားတာကိုလည်း ပြန်လည် ရုတ်သိမ်းပေးမှ ဖြစ်လိမ့်မယ် ဆိုတာကိုလည်း၊ မစ္စတာ ပူတင်က ပြောသွားပါတယ်။
ဒါမှမဟုတ်ရင်၊ ယူကရိန်း အစိုးရရဲ့ အစီအစဉ်တွေဟာ၊ ပါးစပ်စကား အဖြစ်ပဲ ပျောက်ကွယ်သွားမှာ ဖြစ်ပြီး၊ အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး ဆိုပြီးတော့လည်း မစ္စတာ ပူတင်က ဆိုပါတယ်။ ယူကရိန်း အစိုးရက၊ ခွဲထွက်ရေး သူပုန်တွေ လက်နက်ချနိုင်အောင်၊ တစ်ပတ်တိတိ အစိုးရတပ်တွေဘက်က အပစ်အခတ် ရပ်စဲပေးထားမယ် ဆိုပြီး၊ ကြေညာထားပါတယ်။
ရုရှတို့ ဖက်ကတော့ ဒီအပစ်ရပ် ကြေညာချက်ဟာ ငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ်တာ မဟုတ်ဘဲ ရာဇသံ ပေးတာသာ ဖြစ်တယ်လို့ ပြောဆို ခဲ့ပါတယ်။
ဒါပေမယ့် သူပုန်တွေ ဖက်ကတော့ ဆက်တိုက် နေတုန်းပါ။
သောကြာနေ့ ညမှာဘဲ ဒွန်ညက်စ်နဲ့ လူဟန့်စ် မှာရှိတဲ့ အစိုးရ နယ်ခြားစောင့် ကင်းစခန်း တွေ အတိုက် ခံရတယ်လို့ ဆိုပါတယ်။
ကရာမာတော့စ် လေဆိပ် နားမှာ လည်း အစိုးရ တပ်တွေကို သူပုန်တွေက ပစ်ခတ်ခဲ့လို့ အပြန်အလှန် တိုက်ပွဲ ဖြစ်ခဲ့ ပါတယ်။




